ပြည်ပဲနီပြားသီးနှံမှာ ဈေးကောင်းရလျက် ဆက်လက်ရောင်းဝယ်မှုဖြစ်နေ

Powered by Drupal

    ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလဆန်းရက်တွင် ပြည်ပဲဈေးကွက်၌ ဒေသတွင်းဝယ်လက်သမားများဖြင့် လက်လီသာရောင်းဝယ်နေသော ပဲသီးနှံမှာ ပဲနီပြားသီးနှံဖြစ်ခဲ့ပြီး တစ်ရက်လျှင် ပိဿာ (၂၀) ဝင် အိတ် (၂၀/၃၀) ကျော်ရောင်းဝယ်မှုဖြစ်ခဲ့သည်ဟုသိရပါသည်။ ပဲဈေးမှာ ဈေးအမြင့်ဖြင့် ဆက်လက်ရောင်းဝယ်နေသည့် အတွက် ပိဿာ၂၀ဝင် တစ်တင်းလျှင် ၁၀၀၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေခဲ့ကြပါသည်။ ယခုနှစ်အတွင်း ထောပတ်ပဲ၊ ပဲနီပြားသီးနှံများမှာ ပြည်ပဝယ်လိုအားများသော ပဲများထက်ပင် ဈေးကောင်းရနေခဲ့သော်လည်း အဆိုပါပဲများကဲ့သို့ ပဲအဝင်၊ အထွက်များပြီး ပြည်ခရိုင်အတွင်း စိုက်ပျိုးထွက်ရှိမှုလည်းနည်းခဲ့ကြသည်ဟုသိရပါသည်။ ပဲနီပြားသီးနှံမှာ ယခင်နှစ်တွင် ပိဿာ(၂၀)ဝင် တစ်တင်းလျှင် ၅၃၀၀၀ကျပ်သာရရှိခဲ့သည့်အတွက် ယခုနှစ်တွင် ယခင်နှစ်ဈေးထက် ထက်ဝက်နီးပါး ဈေးထပ်မံမြင့်တက်ခဲ့သောကြောင့် ပဲဈေးကွက်အတွင်း ဈေးကောင်းဝင်သီးနှံအမျိုးအစားတစ်ခုဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)