ပြည်ပဲဈေးကွက်၌ ကုလားပဲသီးနှံများကို ဒေသတွင်းပဲခွဲစက်သမားများအပြင် ရန်ကုန်ဝယ်လက်ပါ အဝယ်ရှိနေ

Powered by Drupal

    ပြည်ပဲဈေးကွက်တွင် နေ့စဉ် အရောင်းအဝယ်ဖြစ်နေသည့် ပဲသီးနှံမှာ ကုလားပဲသီးနှံဖြစ်ပြီး ဒေသတွင်းခွဲစက်သမားများအပြင် ရန်ကုန်ဝယ်လက်သမားများလည်းဝယ်ယူခဲ့ကြသည်ဟုသိရပါသည်။ ထို့ကြောင့် တစ်ရက်လျှင် အိတ်၃၀၀ကျော်ရောင်းဝယ်နေခဲ့ကြပြီး ပဲဈေးမှာ ပိဿာ၂၀ဝင် တစ်တင်းလျှင် ၉၃၅၀၀ကျပ်ဖြင့် ရောင်းဝယ်နေခဲ့ကြသည့်အတွက် ပဲစင်းငုံသီးနှံနှင့် ဈေးပြိုင်ရနေခဲ့သော်လည်း ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလတွင် မတ်ပဲဈေးမြင့်တက်ခဲ့သောကြောင့် မတ်ပဲသီးနှံထက် ဈေးအနည်းငယ်လျော့နည်းနေခဲ့ကြောင်းသိရပါသည်။ ကုလားပဲသီးနှံအဝင်မရှိသော်လည်း လှောင်ပဲလက်ကျန်ရှိခဲ့ကြသည့်အတွက် ဝယ်လိုအားရှိသလောက် နေ့စဉ် ရောင်းချနိုင်ခဲ့ကြပါသည်။ ယခင်နှစ် သီတင်းကျွတ်ကာလတွင် ပဲဈေးကွက်မှာ ကုလားပဲသီးနှံတစ်တင်းလျှင် ၆၄၅၀၀ကျပ်ဖြင့်ရောင်းဝယ်ခဲ့ကြသည့်အတွက် ယခုနှစ်တွင်မူ ယခင်နှစ်ထက် တစ်တင်းလျှင် ကျပ်(၃)ခန့်မြင့်တက်လာခဲ့ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)