မိတ္ထီလာခရိုင် စပါး၊ ဆန် ဈေးကွက်

Powered by Drupal

      မိတ္ထီလာဈေးကွက်ရှိ ဆန်သစ်ဈေးနှုန်းများမှာ မြန်မာနိုင်ငံအောက်ပိုင်းမှ ထွက်ရှိသော နွေဆန် ဈေးများဖြစ်သောကြောင့် အနည်းငယ်ကျဆင်းကြောင်းသိရသည်။ ဒေသတွင်း၌ မနောသုခမျိုးကို ယခင်ကပင် စိုက်ပျိုးလာရာ ဈေးကွက်၌ ဝယ်လိုအားရှိသဖြင့် စိုက်ပျိုးကြပါသည်။ယခုနောက်ပိုင်း ဈေးကွက်တောင်း ဆိုချက်အရ ဧရာပဒေသာမျိုးကိုကျောက်ဆည်ခရိုင်မှ တင်သွင်းစိုက်ပျိုးရာ၌ အောင်မြင်မှုရှိလာပါသည်။  ဧရာပဒေသာစပါးမျိုးမှာ သက်ရင့်စပါးဖြစ်၍ မိုးစပါးအနေဖြင့် စိုက်ပျိုးလေ့ရှိကြောင်း ၊ ယခုလက်ရှိ မိတ္ထီလာဈေးကွက်အတွင်း ရောင်းဝယ်နေသော ဆန်သစ်များမှာ မြန်မာနိုင်ငံအောက်ပိုင်း ဒေသမှ စိုက်ပျိုးသော ဆန်စပါးများသာဖြစ်ကြောင်း သိရသည်။သို့ဖြစ်ပါ၍ ဒေသတွင်းဖြစ်ပေါ်နေသော စပါးဈေးမှာ စပါးဟောင်းဈေးများသာဖြစ်၍ ဈေးမြင့်နေကြောင်း တင်း (၁၀၀) လျှင် မနေသုခကျပ် (၂၆၀၀၀၀၀)၊ ဧရာပဒေသာ ကျပ်(၃၃၀၀၀၀၀)ဖြစ်ကြောင်း၊ ဆန်ဈေးမှာ ဒေသထွက်အနေနှင့် ဆန်ဟောင်း မနောသုခ တစ်အိတ်လျှင်(၉၃၀၀၀) ကျပ်နှင့် ဧရာပဒေသာတစ်အိတ်လျှင် (၁၃၀၀၀၀) ကျပ်ဖြစ်ကြောင်း အခြားဒေသထွက် ဆန်သစ်ဈေးမှာ ငစိန်(မျိုးခွဲ) တစ်အိတ် (၆၀၀၀၀ မှ ၈၅၀၀၀)ကျပ်ရှိ ကြောင်း ဈေးကွက်မှ သိရသည်။

DOCA(မန္တလေး)