မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် Thursday Talk ဆွေးနွေးပွဲကျင်းပပြုလုပ်

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအနေဖြင့် အပတ်စဉ်အလိုက် Thursday Talk ဆွေးနွေးပွဲကိုလေ့ကျင့်ပြုလုပ်ပြီး စားသုံးသူရေးရာဦးစီးဌာန၏ဆောင်ပုဒ်ဖြစ်သော “စားသုံးသူအခွင့်အရေး ဦးစားပေး” ဆိုသည့်အတိုင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များကိုဟောပြောဆွေးနွေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာန၏ ဌာနလုပ်ငန်းများကျွမ်းကျင်ရုံသာမက အတွေ့အကြုံဗဟုသုတရှိစေရန်ရည်ရွယ်၍ လူငယ်များအား လေ့ကျင့်ဟောပြောမှုကို ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။

    အဆိုပါဟောပြောပွဲကို (၁၆-၈-၂၀၂၃) ရက်နေ့တွင် မအူပင်ခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ဒေါ်အိအောင်ဟိန်း (အငယ်တန်းစာရေး) က စီမံရေးရာဌာနခွဲ၏ လုပ်ငန်းတာဝန်များအကြောင်းကိုရှင်းလင်းတင်ပြခြင်း၊ စားသုံသူကာကွယ်ရေးဥပဒေပါ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်းတင်ပြခြင်း၊  အခန်း(၁၂)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုင်နိုင်သည့်အခွင့်အရေးများအကြောင်း၊ အခန်း(၁၄)ပါ ဝန်ဆောင်မှုလုပ်ငန်းများ၏ အားမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးတို့ကိုရှင်းလင်းပြီး စာပေဗဟုသုတများဖတ်ရှု၍ လေ့လာသင့်သောစာအုပ်စာပေများကိုဖတ်ရှုခြင်းဖြင့် ကောင်းကျိုးများရရှိပုံတို့ကိုလည်းရှင်းလင်းဆွေးနွေးပြီး Thursday Talk ဆွေးနွေးပွဲသို့ ဝန်ထမ်း (၁၂)ဦး တက်ရောက်လေ့လာမေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)