ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒု-တိုင်းဦးစီးမှူးသည် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဒုတိယတိုင်းဦးစီးမှူး ဦးစိုးဦး၊ စားသုံးသူရေးရာဦးစီးဌာနခွဲတာဝန်ခံ ဦးကျော်စိုးရီနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်ဖြူဖြူလတ်တို့သည် ဟင်္သာတမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာရောင်းချလျက်ရှိသော လုပ်ငန်းရှင် (၄)ဦးတို့နှင့် ဩဂုတ်လ (၁၆)ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

  ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ စစ်ဆေးရေးမှူးနှင့်ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ (၂၈) ရက်နေ့နှင့် ဩဂုတ်လ (၁၀) ရက်နေ့တို့တွင် ဟင်္သာတမြို့ရှိ ဓာတ်မြေဩဇာရောင်းချလျက်ရှိသော အရောင်းဆိုင် (၄) ဆိုင်၌ ကုန်ညွှန်းအမှတ်အသားပြည့်စုံမှုမရှိခြင်းနှင့် မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းကိုမတွေ့ရှိရပါသဖြင့် နောင်တွင် သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်၊ စားသုံးသူရေးရာဦးစီးဌာနကသတ်မှတ်ထားသော ကုန်ညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြရန်နှင့် မြန်မာဘာသာဖြင့်ဖော်ပြထားသော ဓာတ်မြေဩဇာများကိုသာရောင်းချရန် ကတိဝန်ခံချက်ရေးထိုးခိုင်းပြီးနောက် ဒု-တိုင်းဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များကိုရှင်းလင်းပြောကြား၍ စားသုံးသူရေးရာဌာနခွဲတာဝန်ခံကလည်း ဦးစီးဌာန၏လုပ်ပိုင်ခွင့်နှင့်လုပ်ငန်းတာဝန်များအကြောင်းကိုအသိပညာပေးခဲ့ပြီးနောက် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံကလည်း ကုန်ညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)