ဧရာဝတီတိုင်းဒေသကြီးမှ စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်) တွင်ကျင်းပပြုလုပ်သော Commodity Price Data Base Software သုံးစွဲခြင်းအစည်းအဝေးသို့တက်ရောက်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ် (နေပြည်တော်)၊ ရုံးအမှတ် (၅၂) ၌ ဩဂုတ်လ (၁၅) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် Virtual စနစ်ဖြင့် Commodity Price Data Base Software သုံးစွဲခြင်းအတွက်  လိုအပ်ချက်များကို ထပ်မံရှင်းလင်းခြင်းအစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး၊ ဦးစီးမှူးရုံးနှင့် ခရိုင်ဦးစီးမှူးရုံးမှ လုပ်ငန်းတာဝန်ခံများတက်ရောက်ခဲ့ကြပါသည်။

   ရုံးချုပ်၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး၊ ဦးဆန်းမြင့်၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးတို့မှ ပြည်နယ်/ တိုင်းဒေသကြီးများရှိ Commodity Price Data Base Software သုံးစွဲသူများအားတွေ့ဆုံ၍ လိုအပ်သည်များကို ရှင်းလင်းမှာကြားခဲ့ပြီး အဆိုပါ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး၊  သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဦးစံကြည်၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲတာဝန်ခံ ဦးလှိုင်ထွဋ်၊ ပုသိမ်ခရိုင်ဦးစီးမှူး ဦးတင်စိုးလှိုင်နှင့် စာရင်း‌‌ရေးသွင်းသူ (၂) ဦး၊ ခရိုင်များမှ ဈေးနှုန်းကောက်ယူသောတာဝန်ခံနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)