ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ လုပ်ငန်းရှင်အသိပညာပေး ဆွေးနွေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံသည် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးရည်ရွယ်၍ ဩဂုတ်လ (၁၆)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ငပုတောမြို့နယ်တာဝန်ခံရုံး၌ နေလမင်းရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ လုပ်ငန်းရှင်တွေ့ဆုံ အသိပညာပေးခဲ့ပါသည်။

    ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်တာဝန်ခံက မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြရန်နှင့် (၂၀၁၉) စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းများပြုလုပ်ကြရန် ကုန်စည်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ၊မရှိ စစ်ဆေးပြီး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)