ကျောင်းကုန်းမြို့နယ်ရှိ မုန့်တိုက်လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

      ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တာဝန်ခံသည် မြို့နယ်ထွေအုပ်အဖွဲ့နှင့်ပူးပေါင်း၍ ဩဂုတ်လ (၁၆)ရက် ၊နံနက် (၁၁:၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ်၊ မြို့မစည်ပင်ဈေးရုံးခန်း၌ မုန့်တိုက်   လုပ်ငန်းရှင် (၈)ဦးအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

       ထိုသို့ဟောပြောဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိရေး စသည်တို့အား ဟောပြောဆွေးနွေး ဆောင်ရွက်ခဲ့ပြီး စားသုံးသူများနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)