အင်္ဂပူမြို့နယ်ရှိ သံပုရာကွင်းကျေးရွာတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်  မြို့နယ်တာဝန်ခံသည် ၂၀၂၃ ခုနှစ် ဩဂုတ်လ(၁၅)ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ဘုရားငုတ်တိုကျေးရွာအုပ်စု၊ သံပုရာကွင်းကျေးရွာ၊ အ.ထ.က(ခွဲ)ကျောင်း၌ ဆရာ/ဆရာမ(၂၀)ဦး၊ ကျောင်းသားကျောင်းသူ(၄၈၂)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

   ဟောပြောပွဲတွင် စားသုံးသူ‌‌‌ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက  စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း၊  စားသုံးကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများအကြောင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ တားမြစ်ချက်များအကြောင်း၊  ပြစ်မှုနှင့်ပြစ်ဒဏ် များအကြောင်း၊ ဈေးကွက်အတွင်းရောင်းချနေသော ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရန် အသိပညာပေးခြင်းများ၊ စားသုံးသူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက် လေ့လာနိုင်ကြောင်း စသည့်တို့ကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)