‌ချောက်မြို့စျေး၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ‌ချောက်မြို့မစျေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများပလတ်စတစ်အိတ်များကိုလျှော့ချသုံးစွဲစေရန်ရည်ရွယ်၍ (၁၄-၈-၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကျွတ်ကျွတ်အိတ်များမသုံးစွဲရေးနှင့် စားသောက်ကုန်နှင့်မုန့်မျိုးစုံရောင်းချနေသောဆိုင်များတွင် ဌာန၏  ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိ/မရှိတို့ကို  ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ချောက်မြို့မစျေး၌ တနင်္လာနေ့တိုင်း မြို့မစျေးအတွင်းနှင့်အပြင်တွင် ပလတ်စတစ်အိတ်မသုံးစွဲရဟုသတ်မှတ်ထားရှိပြီး ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့်အစားထိုးကာ ထုပ်ပိုးသုံးစွဲစေရေးအတွက် လိုက်လံကွင်းဆင်းစစ်ဆေး‌ခြင်းနှင့် စားသောက်ကုန်နှင့် မုန့်မျိုးစုံရောင်းချနေသည့်ဈေးသည်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အကြောင်းအရာများ၊ ၎င်းညွှန်ကြားချက်ပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာဆိုင်တင်ရောင်းချကြရန်၊  စားသုံးရန်မသင့်ဟုတားမြစ်ထားသော စားသောက်ကုန်များကိုဖြန့်ဖြူးရောင်းချခြင်းမပြုကြရန်နှင့် စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့မှုအရ သိရှိရပါသည်။

DOCA(မကွေး)