တာကြန့်စံပြကျေးရွာ၊ နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

    ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် တာချီလိတ်ခရိုင်၊ တာလေမြို့၊ တာကြန့်စံပြကျေးရွာ၊ နှစ်ခြင်းခရစ်ယာန်ဘုရာရှစ်ခိုးကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခန်းအနားတွင် ကျေးရွာသူ/သား (၁၀၀) ဦးတက်ရောက်ခဲ့ကြပါသည်။

          အဆိုပါ ဟောပြောပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ် မြို့နယ်တာဝန်ခံရုံးမှ ဦးမြင့်နောင်(ဦးစီးမှူး)က စားသုံးသူရေးရာဦးစီးဌာန၏သမိုင်းကြောင်းနှင့် စားသုံးသူအခွင့်အရေးများနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ပြီးနောက် ဦးစိုင်းဟုန်ရှန်(ဒု-ကြီးကြပ် ရေးမှူး)က ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူထိခိုက်နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်သည့်နည်းလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ကုန်စည်တစ်ခုကိုဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန်သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါအချက်များအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ကာ စားသုံးသူအခွင့်အရေး (၈) ချက်နှင့်ပတ်သက်၍ ကျေးရွာသူ/ သားများနှင့်အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)