ဘီးလင်းမြို့ရှိ မင်္ဂလာဈေးနှင့် နီလာဈေးတို့တွင် အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁၅-၈-၂၀၂၃) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်ရှိ မင်္ဂလာဈေးနှင့် ကန်သာယာရပ်ကွက်ရှိ နီလာဈေးတို့၌ အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။

   ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော အသင့်သောက်အချိုရည်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိစစ်ဆေးခြင်း၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော အချိုရည်များရောင်းချနေမှုရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့်ကိုက်ညီ၍ သက်ဆိုင်ရာဌာနများကခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော အသင့်သောက်အချိုရည်များကိုသာ ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်းတွေ့ရှိရသည်။ ဆိုင်ရှင်များအား သက်ဆိုင်ရာဌာနများကခွင့်ပြုထားသော၊ ထောက်ခံချက်ပါသော ကုန်စည်များကိုသာရောင်းချရန်နှင့် တားမြစ်ထားသောကုန်စည်များအား ဈေးကွက်အတွင်း တင်သွင်းဖြန့်ဖြူးရောင်းချမှုမပြုစေရန် အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)