မွန်ပြည်နယ်၊ ဆန်ကုန်သည်များအသင်း၏ အစည်းအဝေးကျင်းပမှုအခြေအနေ

Powered by Drupal

   မွန်ပြည်နယ်၊ ဆန်ကုန်သည်များအသင်းသည် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်နေ့၊ နေ့လယ် (၁) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

   အခမ်းအနားသို့ မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဆန်ကုန်သည်များအသင်းမှ ဥက္ကဋ္ဌနှင့်ဆန်ကုန်သည်များ၊ စုစုပေါင်း (၁၇) ဦးတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ဆန်ကုန်သည်များအသင်းဥက္ကဋ္ဌ ဦးတင်မြင့်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် အခမ်းအနားကျင်းပရခြင်းအကြောင်း ဆက်လက်ဆွေးနွေးခဲ့ရာ လက်ရှိတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့် သက်ဆိုင်ရာဦးစီးဌာနများ၏ ကြီးကြပ်မှုဖြင့် မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ရှိ သံလွင်ဈေး (အခွန်လွတ်) ဈေးတွင် ၇ လပိုင်းမှစ၍ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း သက်သာသောနှုန်းထားဖြင့် ဧည့်မထဆန်များကို ဆန်ကုန်သည်အသင်းက တစ်ရက်၊ ဆန်စက်လုပ်ငန်းရှင်များအသင်းက တစ်ရက် စသည်ဖြင့် တစ်ရက်စီရောင်းချပေးနေကြောင်း၊ ရည်ရွယ်ချက်မှာ ပြည်သူများသက်သာသောနှုန်းထားဖြင့် ဝယ်ယူစားသုံးနိုင်ရန်၊ ဆန်ကုန်သည်များအနေဖြင့် တတ်နိုင်သလောက်ရောင်းချပေးရန်ဆန္ဒရှိသည့်အတွက် ပြည်နယ်အစိုးရအဖွဲ့၏ရည်ရွယ်ချက်နှင့် ဆန္ဒကိုအလေးထား၍ အာမခံပြီးရောင်းချပေးနေကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက သက်သာသောနှုန်းထားဖြင့် ရောင်းချပေးသည့်အတွက် ဆန်ကုန်သည်များအား ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါသည်။ နိဂုံးချုပ်အနေဖြင့် နာယက ဦးကျော်ရှိန်က မွန်ပြည်နယ်၊ ဆန်ကုန်သည်အသင်းအနေဖြင့် အသင်းစဖွဲ့သည့်နေမှစ၍ ယနေ့တိုင် ကိုယ်ကျင့်တရားကောင်းကြကြောင်း၊ ဆက်လက်၍ အသင်းသားများအနေဖြင့် ညီညွတ်စည်းလုံးကြကာ တစ်ဦးနှင့်တစ်ဦးအပြန်အလှန်လေးစားကြရန် တိုက်တွန်းပြောကြားပြီး အစည်းအဝေးကို ညနေ(၃း၀၀)နာရီအချိန်တွင်ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)