ကျိုက်ထိုမြို့၊ ရှမ်းဈေးနှင့် ဗိုလ်ချုပ်လမ်းတို့၌ရောင်းချနေသော အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

  မွန်ပြည်နယ်၊  စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁၆-၈-၂၀၂၃) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ကျိုက်ထိုမြို့၊ ရှမ်းဈေးနှင့် ဗိုလ်ချုပ်လမ်းတို့၌ရောင်းချနေသော ဆိုင်များတွင် အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

  ထိုသို့ စစ်ဆေးခဲ့ရာ ဈေးကွက်တွင်ရောင်းချနေသော အသင့်သောက်အချိုရည်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိစစ်ဆေးခြင်း၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော အချိုရည်များရောင်းချနေမှုရှိ/မရှိတို့ကိုစစ်ဆေးခဲ့ရာ သတ်မှတ်စံချိန်စံနှုန်းနှင့်ကိုက်ညီ၍ သက်ဆိုင်ရာဌာနများကခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော အသင့်သောက်အချိုရည်များကိုသာ ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်းနှင့် သက်ဆိုင်ရာဌာနများကခွင့်ပြုသော ထောက်ခံချက်ပါသည့် ကုန်စည်များကိုသာရောင်းချရန်နှင့် တားမြစ်ထားသောကုန်စည်များအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှုမပြုစေရန်အတွက် အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)