သံတွဲမြို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် အသိပညာပေးဟောပြောခြင်း

Powered by Drupal

   ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့တွင် ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်မှု၌ နိုင်ငံတော်ကချမှတ်ထားသည့် စစ်ကြောင်း (၅) ကြောင်းကို ပုံသဏ္ဍာန်ဖော်၍ ဟောပြောပွဲကို (၁၅-၈-၂၀၂၃) ရက်နေ့၊ နံနက်  (၀၈:၀၀) နာရီအချိန်တွင် ကင်းမော်ရွာ၊ မူလတန်းကျောင်း၌ သံတွဲမြို့စစ်ကြောင်း(၅)မှ တာဝန်ရှိသူများသည် ကျေးရွာနေပြည်သူများအား အသိပညာများပေးခဲ့ကြပါသည်။

    အဆိုပါ အခမ်းအနားတွင် နိုင်ငံရေးစစ်ကြောင်းမှ ဗိုလ်မှူးကျော်လင်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် အဖွဲ့ဖြင့်လိုက်ပါလာသော အုပ်ချုပ်ရေးစစ်ကြောင်းမှ သံတွဲမြို့၊ အုပ်ချုပ်ရေးမှူး ဦးမောင်သာစိန်၊ ဒေသဖွံ့ဖြိုးရေးစစ်ကြောင်းမှ မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှူး ဦးမြတ်သူ၊ စည်းရုံးရေးစစ်ကြောင်းနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးခဲ့ကြပြီး လူမှုရေးစစ်ကြောင်းမှ စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူး ဦးဝင်းနိုင်(ဦးစီးအရာရှိ)က စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကိုရှင်းလင်းပြောကြားပြီး ဌာန၏စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အကြောင်းအရာများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအပေါ် အရေးဆိုတောင်းဆိုနိုင်သည့် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းဖွင့်လှစ်ဆောင်ရွက်နေမှုအခြေအနေများ၊ Online စနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းရှင်များအား မှတ်ပုံတင်လျှောက်ထားပြီးမှသာ လုပ်ဆောင်ရန်လိုအပ်ကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)