ဗန်းမော်ခရိုင်၌ ဌာနဆိုင်ရာနှင့် အသင်းအဖွဲ့များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

   ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နှောင်းနှောင်းဝင်း (ဒု-ဦးစီးမှူး)သည် (၁၅-၈-၂၀၂၃) ရက်နေ့တွင် ဗန်းမော်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဌာနဆိုင်ရာ နှင့်အသင်းအဖွဲ့များအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများပေးခဲ့ပါသည်။

  အဆိုပါဟောပြောပွဲတွင် ဒေါ်နှောင်းနှောင်းဝင်း (ဒု-ဦးစီးမှူး) က စားသုံးသူရေးရာဦးစီးဌာန၏ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေး၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ပါ စားသုံးသူ၏ အခွင့်အရေး(၈)ချက်နှင့်တာဝန်(၄)ချက်၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက  တောင်းဆိုနိုင်သည့်အခွင့်အရေး၊ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဥ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊ စားသုံးသူ၏နစ်နာဆုံးရှုံးမှုတစ်ရပ်ရပ်နှင့်ပတ်သက်၍ တိုင်ကြားလိုပါက လူကိုယ်တိုင်သော်လည်းကောင်း၊ လူထုဆက်သွယ်ရေးနည်းလမ်းတစ်ခုခုဖြင့်သော်လည်ကောင်း၊ သက်ဆိုင်ရာဦးစီးရုံး(CICC)သို့ သက်သေခံထောက်အထားနှင့်အတူတိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်မှုများအကြောင်းကိုသိရှိလိုပါက ဦးစီးဌာန၏ website လိပ်စာဖြစ်သော www. doca. gov. mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။အဆိုပါဟောပြောပွဲသို့ ဌာနဆိုင်ရာနှင့် အသင်းအဖွဲ့များမှ (၂၄)ဦးတက်ရောက်ခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကချင်)