ရွှေဘိုမြို့ရှိ အသင့်သောက်အချိုရည် အမှတ်တံဆိပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးတို့မှဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံနှင့်ခရိုင်ရုံးဝန်ထမ်းများ၊ ‌ရွှေဘိုမြို့နယ်ပြည်သူ့ ကျန်းမာ‌ရေးဦးစီးဌာနတို့ပူးပေါင်း၍ (၄-၈-၂၀၂၃)ရက်နေ့တွင် အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်၊ ရွှေဘိုမြို့ရှိ အချိုရည်နှင့်ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်(၂)ဆိုင်အားလည်းကောင်း၊ (၉-၈-၂၀၂၃)ရက်နေ့တွင် အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်၊ ရွှေဘိုမြို့ရှိ အချိုရည်နှင့်ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်(၂)ဆိုင်အားလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင် ရောင်းချသည့်စီးပွားရေးလုပ်ငန်းရှင်များအား အသင့်သောက်အချိုရည်အမျိုးမျိုးသည် လူကြီး/ လူငယ်အများစု နေ့စဉ်သောက်သုံးနေသောကုန်စည်ဖြစ်ခြင်း၊ အစားအသာက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနကထုတ်ပြန်သည့် စားသုံးရန်မသင့်ဟုကြေညာထားသည့် အစားအသောက်များစာရင်းတွင် အများဆုံးပါဝင်လေ့ရှိခြင်း၊ ကန့်သတ်တားမြစ်ထားသည့် ဓာတုဆိုးဆေးများနှင့် ဓာတုသကြားများအသုံးပြုထားသော အချိုရည်များကိုသောက်သုံးမိပါက ကျန်းမာ‌ရေးဆိုင်ရာထိခိုက်မှုများဖြစ်ပေါ်စေနိုင်ခြင်းတို့ကြောင့် ကုန်စည်များ၏ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်စေရေးနှင့် စားသုံးသူများအတွက်လည်း ဘေးအန္တရာယ်ကင်းရှင်းသောကုန်စည်များကို ဝယ်ယူရရှိစေနိုင်ရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးရခြင်းဖြစ်ကြောင်း၊  စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းတွင် ပါဝင်ရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာန၏ဆောင်ရွက်နေသောလုပ်ငန်းများကိုသိရှိလိုပါက ရုံးဖွင့်ရက် ရုံးချိန်အတွင်း Consumer Call Center No. (1535) သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)