ရွှေဘိုခရိုင်ဦးစီးမှူးရုံးတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဆောင်ရွက်

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို (၇-၈-၂၀၂၃)ရက်နေ့နှင့် (၈-၈-၂၀၂၃)ရက်နေ့တို့တွင် နေ့စဉ် နံနက်(၉:၃၀)နာရီအချိန်မှ ညနေ(၁၆:၀၀)နာရီအချိန်ထိ (၂)ရက်တိုင်ကျင်းပခဲ့ပါသည်။ အဆိုပါသင်တန်းကို ဌာနမှဝန်ထမ်းများအနေဖြင့် ဌာန၏ဆောင်ပုဒ်နှင့်အညီ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များကို သိရှိနားလည်နိုင်စေရန်နှင့် ကျွမ်းကျင်မှုရှိစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။

   သင်တန်းဖွင့်ပွဲအခမ်းအနား၌ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်က သင်တန်းတစ်ခုဖွင့်လှစ်ရာတွင် အချိန်၊ ငွေနှင့် ကြိုးစားအားထုတ်မှုများစိုက်ထုတ်ရ၍ ဝန်ထမ်းများအနေဖြင့် အသိပညာပေးဟောပြောရာတွင်လည်းကောင်း၊ Public နှင့်ထိတွေ့ဆက်ဆံရာတွင်လည်းကောင်း Good Services ဖြစ်ရန်လိုသည့်အပြင် ဝန်ထမ်းတိုင်း Human Rescourse မြင့်ရန်လိုကြောင်း၊  မိမိဌာန၏ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ဝန်ထမ်းများအားလုံးသိရှိနားလည်အောင် ဆောင်ရွက်ထားရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံးရေးအထူးဂရုစိုက်ပြီး အခြေအနေနှင့် အချိန်အခါကိုကြည့်၍ ဆောင်ရွက်တတ်ရန်လိုကြောင်းနှင့် Online Shop အား အရေးကြီးကုန်စည်သတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ ရုံးချုပ်မှဆောင်ရွက်နေသည့်အခြေအနေများကိုဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသိန်းက စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာများ၊ စားသုံးသူအငြင်းပွားမှုဖြေရှင်းရာတွင် လုပ်ငန်းဆောင်ရွက်ပုံအဆင့်များ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လိုက်နာရမည့်အချက်များ၊ ဌာန၏လုပ်ငန်းဆောင်ရွက်ချက်၊ အားသာချက်၊ အားနည်းချက်များကို သုံးသပ်အကြံပြုပြီးနောက် ဒု-ခရိုင်ဦးစီးမှူး ဒေါ်နှင်းနှင်းခိုင်က ဌာနသို့တိုင်ကြားနိုင်မှုနည်းလမ်းများကို အသိပညာပေးဟောပြောရာတွင် ပါဝင်ရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာသိကောင်းစရာများ၊ စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးရာတွင် ပြောကြားရမည့်အချက်များကိုဆွေးနွေးခဲ့ပါသည်။

     အဆိုပါသင်တန်းသို့ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၈)ဦးနှင့် ကန့်ဘလူခရိုင်ဦးစီးမှုးရုံးမှ ဝန်ထမ်း(၄)ဦး၊ စုစုပေါင်း(၁၂)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)