ဝါဘိုကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

   ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူး ဦးမောင်လှဝင်း (ဦးစီးအရာရှိ) သည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်၊ အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(စစ်တွေ)မှကြီးမှူး၍ စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာ၌ကျေးရွာတစ်ရွာ၊ ထုတ်ကုန်တစ်ခုစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်သည့် လက်ရက်ကန်းနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို (၁၄-၈-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဝါဘိုကျေးရွာဘုန်းကြီးကျောင်းဓမ္မာရုံ၌ကျင်းပရာ ရခိုင်ပြည်နယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဝါက သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ရာတွင် သင်တန်းကာလမှာ (၁၄-၈-၂၀၂၃) ရက်နေ့မှ (၁၄-၉-၂၀၂၃) ရက်နေ့အထိ သင်တန်းကာလ (၁)လကြာမြင့်မည်ဖြစ်ကြောင်း၊ ၎င်းနောက်  မွမ်းမံသင်တန်းအား (၁-၁၀-၂၀၂၃) ရက်နေ့မှ (၁၅-၁၀-၂၀၂၃) ရက်နေ့အထိ (၁၅)ရက်အကြာ ထပ်မံသင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးပါက လုပ်ငန်းထူထောင်လိုသော ထူးချွန်သင်တန်းသား(၅)ဦးကိုရွေးချယ်ပြီး နိုင်ငံတော်မှ တစ်ဦးလျှင် ရင်းနှီးမတည်ငွေ ငွေကျပ်(၁၀)သိန်းညီမျှသည့် ပစ္စည်းများထောက်ပံ့မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း စီမံကိန်း (၆)ခုအား ကျေးရွာ (၉) ရွာ၌ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

   ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ စစ်တွေခရိုင်ဦးစီးမှူး၊ ဦးမောင်လှဝင်း (ဦးစီးအရာရှိ)က တက်ရောက်လာသော ဧည့်သည်တော်များ၊ သင်တန်းကြီးကြပ်သူများနှင့် ကျေးရွာများမှတက်ရောက်လာသည့် သင်တန်းသူများအား စားသုံးသူတိုင်းတွင် စားသုံးသူအခွင့်အရေးများ (ConsumerRights) ရှိခြင်းနှင့်စပ်လျဉ်း၍ ချပြဆွေးနွေးခြင်း၊ စားသုံးကုန်များဝယ်ယူရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်(၈)ချက်နှင့်ကိုက်ညီပြီး ပုဒ်မ(၄၃)အရ မည်သည့်ကုန်စည်မဆို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြထားသောကုန်စည်များကိုသာဝယ်ယူ/စားသုံး/အသုံးပြုစေရေး ဆွေးနွေးဟောပြောကာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့်နည်းလမ်းများကိုရှင်းပြပြီး စားသုံးသူများလွယ်ကူစွာမေးမြန်းနိုင်သည့် CallCenter နံပါတ်(1535)သို့ ခေါ်ဆိုမေးမြန်း/တိုင်ကြားနိုင်ကြောင်းနှင့် မြန်မာနိုင်ငံတွင် တိုင်ကြားနိုင် သည့် CICC စင်တာ(၄၈)ခုဖွင့်လှစ်ထားရှိသည့်အနက် ရခိုင်ပြည်နယ်တွင်လည်း ကျောက်ဖြူခရိုင် CICC၊ သံတွဲခရိုင် CICC နှင့် စစ်တွေခရိုင် CICC များဖွင့်လှစ်ထားရှိကြောင်း ချပြဆွေးနွေးအသိပညာပေးဆွေးနွေးဟောပြောခဲ့မှုကို သတင်းရရှိပါသည်။

DOCA(ရခိုင်)