ထားဝယ်ခရိုင်ရှိ သောက်‌ရေသန့်လုပ်ငန်းရှင်များအား အသိပညာပေး

Powered by Drupal

    ၂၀၂၃ခုနှစ်၊ သြဂုတ်လ ၁၄ရက်နေ့၊ နံနက်(၁၀း၀၀)နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ထားဝယ်မြို့၌ ထားဝယ်ခရိုင်၊ သောက်ရေသန့်လုပ်ငန်းရှင်များအသင်းဖွဲ့စည်းနိုင်‌‌ရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ထားဝယ်ခရိုင်သောက်ရေသန့်လုပ်ငန်းရှင်များတက်‌ရောက်ဆွေး‌နွေးခဲ့ကြောင်းသိရှိရပါသည်။

    ဆွေးနွေးပွဲတွင် စားသုံးသူ‌‌ရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦး‌တင်အောင်ကျော်က စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်း‌ရှင်းသော ကုန်စည်များကိုသာဝယ်ယူအသုံးပြုနိုင်စေရေး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သည့်ကုန်စည်များကို အရည်အသွေးကောင်းမွန်၍ လုံခြုံစိတ်ချရကာ ယှဥ်ပြိုင်နိုင်စွမ်းရှိ‌သော  ကုန်စည်များထုတ်လုပ်နိုင်စေ‌ရေး၊ ကုန်အညွန်းအ   မှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် မဖြစ်မနေထည့်သွင်းဖော်ပြရမည့် အချက်များပါရှိစေရေး ဆောင်ရွက်ရန်နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကွဲရေးဦးစီးဌာနမှ တာဝန်ရှိသူက ကောင်း  မွန်သောထုတ်လုပ်မှုကျင့်စဥ်နှင့်အညီ သောက်‌ရေသန့်များထုတ်လုပ်နိုင်ရန်၊ သောက်ရေသန့်စက်ရုံ၏ အနည်းဆုံးလိုအပ်ချက်များအကြောင်းတို့ကို ဟောပြောဆွေးနွေးခဲ့ကြပါသည်။

     အဆိုပါဆွေးနွေးပွဲသို့ ထားဝယ်ခရိုင်၊ သောက်ရေသန့်လုပ်ငန်းရှင်(၈)ဦးတက်ရာက်ခဲ့ကြပြီး တက်ရောက်လာကြသော လုပ်ငန်းရှင်များက မိမိတို့သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲကို နေ့လယ် (၁၂း၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရပါသည်။

DOCA(တနင်္သာရီ)