မင်းတုန်းမြို့၌ စားသုံးသူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးပြီး (Talk Show) ဟောပြောပွဲကျင်းပ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် မင်းတုန်းမြို့နယ်တာဝန်ခံ ဒု-ကြီးကြပ်ရေးမှူး ဦးကျော်ရွှေတို့သည် (၁၄-၈-၂၀၂၃)ရက်နေ့၊ နံနက်(၀၇:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဦးဆောင်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ပလတ်စတစ်အိတ်နှင့် ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျော့ချရေး (Campaing) ပြုလုပ်ခြင်းနှင့် ကြွပ်ကြွပ်အိတ်အစားထိုး ငှက်ပျောဖက်များကိုအခမဲ့ဖြန့်ဝေပေးခဲ့ကြပါသည်။

      ထို့နောက် နံနက်(၀၉:၃၀)နာရီအချိန်တွင် ဌာနစုံအဖွဲ့ဖြင့် စားသုံးသူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် မင်းတုန်းမြို့၊ အမှတ်(၃/၄)ရပ်ကွက်ရှိ ကုန်စုံဆိုင်အလှကုန်စတိုးဆိုင်(၅) ဆိုင်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ သုံးစွဲရန်မသင့်ဟုတားမြစ်ထားသော အလှကုန်တစ်မျိုးဖြစ်သည့် ANYLADY /12 colour Eyeshadow Palette (18)g ၌ တားမြစ်ဓာတုပစ္စည်း Rhodamine B& (Lead) ပါဝင်နေခြင်းကြောင့် သုံးစွဲသူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်အတွင်း ရောင်းချနေမှုရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် မင်းတုန်းမြို့နယ်တာဝန်ခံ ဦးကျော်ရွှေက တားမြစ်ဓာတုပစ္စည်းပါဝင်သည့် အလှကုန်ပစ္စည်းများကို ဈေးကွက်အတွင်းတင်သွင်းရောင်းချခြင်းမပြုကြရန်၊ အလှကုန်ပစ္စည်းရောင်းချသူများအား အသိပညာပေးဆွေးနွေးခြင်း၊ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ မြန်မာဘာသာဖြင့်ဖော်ပြပါရှိသော ကုန်စည်များသာရောင်းချရန်နှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းလွန်ရက်စွဲများကိုအလေးထားကြည့်ရှု၍ရောင်းချရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ဥပဒေနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉) ပါ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

   ဆက်လက်၍ (၁၄:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူကာကွယ်ရေးဥပဒေ၌ပါရှိသော စီးပွားရေးလုပ်ငန်းရှင်၏တာဝန်(၁၁)ချက်နှင့် အဓိပ္ပါယ်အကြောင်းတို့ကို အသေးစိတ်ရှင်းလင်းဟောပြောပွဲ (Talk Show) အား ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(မကွေး)