“စဥ့်ကိုင်မြို့နယ်အတွင်းရှိ သောက်ရေသန့်လုပ်ငန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး”

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးရှိ စစ်ဆေးရေးအရာရှိများ ဦးဆောင်၍ အဖွဲ့ဝင်များဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊မြို့နယ် ပြည်သူ့ကျန်းမာရေး၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ စက်မှု့ကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၆-၇-၂၀၂၃) ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ သောက်ရေသန့်ထုတ်လုပ်ရောင်းချသည့်လုပ်ငန်းများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် စဉ့်ကိုင်မြို့နယ်တာဝန်ခံ စစ်ဆေးရေးအရာရှိမှ လုပ်ငန်းရှင်များ အနေဖြင့်၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်းပြီး လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ၂/၂၀၁၉ ပါ ကုန်စည်အမျိုးအစားအလိုက် ဖော်ပြရမည့်ညွှန်ကြားချက်များကို  ပြည့်စုံမှန်ကန်စွာ ဖော်ပြလိုက်နာဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့ပြီး အဖွဲ့ဝင်အဖြစ် လိုက်ပါလာသည့်   သက်ဆိုင်ရာဌာနများမှလည်း ပုဂ္ဂလိက ရေသန့်စက်ရုံများအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန ၊   ဦးစီးဌာနများ၏ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လုပ်ငန်းလည်ပတ်ဆောင်ရွက်သွားရန်နှင့် ရေသန့်များထုတ်လုပ်ရာတွင် အရည်အသွေးပြည့်ဝအောင် ထုတ်လုပ်သွားရန်မှာကြားခဲ့ပြီး   စဉ့်ကိုင်မြိုနယ်ရှိ ရေသန့်စက်ရုံ(၁၄)ခုတို့၏ ထုတ်လုပ်မှုအခြေအနေများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)