အခြေခံသတင်းရေးသားနည်းသင်တန်းဖွင့်လှစ်

Powered by Drupal

     သတင်းရေးသားပါဝင်မှုပိုမိုမြင့်မားလာစေရန်နှင့် သတင်းရေးသားသည့်အခါ  ဆောင်ရန်၊ ရှောင်ရန်များကို သိရှိလိုက်နာပြီး ရေးသားနိုင်ရန် ရည်ရွယ်၍ အခြေခံသတင်းရေးသားနည်း သင်တန်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍  မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် (၁၀.၇.၂၀၂၃ )  ရက်နေ့တွင်  ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းကို တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းနည်းပြ ချမ်းအေသာဇံမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က ပို့ချမည့်သင်ခန်းစာမိတ်ဆက် ပြောကြားခဲ့ပါသည်။သင်တန်းကို တို်ငးဦးစီးမှူးရုံးမှ သင်တန်းသား၊ သင်တန်းသူဦးရေ (၃၀) ခန့်တက်ရောက်ကြပြီး ခရိုင်ရုံးများမှလည်း online virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။ သင်တန်းတွင် အခြေခံသတင်းရေးသားခြင်း၊ သတင်းရေးသား ထုတ်ပြန်ခြင်း၊ သတင်းရေးသားရာတွင် နည်းမှန်လမ်းမှန်နှင့် စနစ်တကျဖြင့် သတင်းပေးလိုသောအကြောင်း အရာပေါ်လွင်အောင်  ရေးသားနိုင်ရေးနှင့် သတင်းရေးသားရာတွင် ဆောင်ရန်၊ ရှောင်ရန်အချက်များကို သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂) ရက်ဖြစ်ပါသည်။ သင်တန်းနည်းပြများအဖြစ် ချမ်းအေးသာဇံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်များမှ ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်နှင့် ဦးကိုကိုဟန်တို့က သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။

DOCA(မန္တလေး)