Languages

ပဲခူးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ(၁/၂၀၂၁)အစည်းအဝေကျင်းပပြုလုပ်

Powered by Drupal

ပဲခူးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအစည်းအဝေး (၁/၂၀၂၁)ကို   ၁၂.၇.၂၀၂၁ရက်နေ့ ၁၅:၀၀နာရီ အချိန်တွင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ရောဂါကာကွယ်ရေးအတွက် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ၊   တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၊ ကောင်စီဝင်(၁)က    အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊         တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန     တိုင်းဒေသကြီးဦးစီးမှူးက     စားသုံးသူရေးရာဦးစီးဌာန  ၊ပဲခူးတိုင်းဒေသကြီးအတွင်း၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် အောက်တိုဘာလမှ ဇွန်လ အတွင်းစားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများ စားသုံးသူရေးရာ ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေနှင့် မြန်မာနိုင်ငံအတွင်း ဥပဒေ ပြဌာန်းထားမှုများ၊ ဥပဒေပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ဥပဒေပါတားမြစ်ချက်များ ၊ပြစ်မှုပြစ်ဒါဏ်များ၊ ဦးစီးဌာနနှင့် ကော်မတီတို့၏ စီမံခန့်ခွဲမှုပြစ်ဒါဏ်များ၊ တိုင်းဒေသကြီး  စားသုံးသူရေးရာကော်မတီဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များကို Power Point ဖြင့် အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံက ဖြေရှင်းရန်ကျန်ရှိနေသော တိုင်ကြားမှုများနှင့်ပတ်သက်၍ တိုင်းဒေသကြီးစားသုံးသူရေးရာ ကော်မတီ၏ဆုံးဖြတ်ချက်များ၊ လမ်းညွှန်ချက်များရယူနိုင်ရန်အတွက် အမှာစာများဖြင့် တင်ပြဆွေးနွေးခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအစည်းအဝေး (၁/၂၀၂၁)သို့   တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များဖြစ်သော တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၊တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ နှင့် ဌာနတွင်းမှ အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။