ကျွန်းလှမြို့ရှိ ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့်  စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့်ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ (၅-၆-၂၀၂၃) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်းရှိ “မငယ်” ကုန်စုံဆိုင်အား ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ယွန်းမီမီထွန်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသီဟမင်းခိုင်နှင့် ဝန်ထမ်းတစ်ဦး၊  စားသုံးသူရေးရာဦးစီးဌာန၊  ကျွန်းလှမြို့နယ်တာဝန်ခံ(အကြီးတန်းစာရေး)ဒေါ်ဝေဝေအောင်တို့က  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်တွင် ရောင်းချသည့်ကုန်ပစ္စည်းများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိနှင့် သက်တမ်းလွန်ကုန်စည်များရောင်းချနေခြင်းရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ  ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသည့်ကုန်စည်များကိုသာတွေ့ရှိရကာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ကိုက်ညီမှုရှိပြီး သက်တမ်းလွန်စားသောက်ကုန်များကိုးရောင်းချမှုမရှိသော်လည်း ရောင်းချသည့်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိရောင်းချသည့်ကုန်စည်အပေါ် တာဝန်ရှိမှုကိုနားလည်သိရှိစေရန် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်တို့၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊  အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးသည့်ကုန်ပစ္စည်းများကိုသာရောင်းချကြရန်နှင့် မိမိတို့ထံသို့ လက်ဝယ်လာရောက်ပို့ဆောင်သောကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားမပြည့်စုံပါက လာရောက်ပို့ဆောင်သူအား ကုန်အညွှန်းအမှတ်အသားများကိုပြည့်စုံစွာထည့်သွင်းပေးရန်နှင့်မပြည့်စုံပါက မိမိတို့က ဝယ်ယူရောင်းချမည်မဟုတ်ကြောင်း လက်ဆင့်ကမ်းပြောကြားပေးရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၏အတည်ပြုချက်ရယူနိုင်ရေး ဆောင်ရွက်ကြရန်နှင့် မိမိတို့စားသုံးသူရေးရာဦးစီးဌာနက ကုန်အညွှန်းအမှတ်အသားလျှောက်ထားရာတွင် အခမဲ့ကူညီဆောင်ရွက်ပေးပါကြောင်း၊ ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် လိုက်နာရမည့်အချက်များအကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)