တောင်တွင်းကြီးမြို့၊ ရွှေအိုး(၂)ရပ်ကွက်ရှိ ကုန်စုံဆိုင်များ၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၉.၅.၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ရွှေအိုး(၂) ရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့ သွားရောက်၍ စျေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြို့နယ်တာဝန်ခံသည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ရွှေအိုး(၂)ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များ၌ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ စားသုံးရန်မသင့်သတ်မှတ်ထားသော ကုန်အမှတ်တံဆိပ်(၂)မျိုး နှင့် သက်တမ်းလွန်အချိုရည်များ ရောင်းချခြင်းရှိ/မရှိနှင့် ကုန်အမှတ်တံဆိပ်ပေါ်တွင် ကုန်အညွှန်းအမှတ် အသား ပြည့်စုံမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီးနောက် စီးပွားရေးလုပ်ငန်းရှင်နှင့် စျေးသည်များအား မြန်မာ နိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အကြောင်းအရာများ၊ ၎င်းညွှန်ကြားချက်ပါ ကုန်အညွန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို သိရှိလိုက်နာကြစေရန်တို့အား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)