ပြည်တွင်းကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၌ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၅ ရက် နေ့အတွင်း ဖြစ်ပေါ်ခဲ့သော စပါး၊ ဆန်ဈေးနှုန်းများမှ ရွှေဘိုပေါ်ဆန်းစပါးတင်း(၁၀၀)လျှင် ငွေကျပ် ၃၅၀၀၀၀၀ ၊ ဧရာမင်းစပါတင်း(၁၀၀)လျှင် ငွေကျပ်၂၇၀၀၀၀၀ နှင့် ရွှေဘိုပေါ်ဆန်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ငွေကျပ် ၁၃၀၀၀၀ ၊ ဧရာမင်းဆန်၂၄ ပြည်ပါ တစ်အိတ်လျှင်

ပြည်ခရိုင်၊ ပြည်မြို့၏ဈေးကွက်များတွင် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ မရမ်းသီးများအနည်းငယ်ဝင်ရောက်စပြုနေသည်ကိုတွေ့ရပါသည်။ ပေါ်စအချိန်တွင် မရမ်းသီးများမှာ ရေလောင်း၍စိုက်ပျိုးထားခြင်းကြောင့် ဆီးသီးအရွယ်လောက်ရှိပြီး တစ်ဆယ်ကျပ်သားလျှင် (၄၀၀၀)ကျပ်ဖြင့်ရောင်းချသော်လည်း ဈေးတိုင်းတွင်မရှိဘဲ ရှိသည့်ဈေးတွင် ဈေးသည်တစ်ဦး/ နှစ်ဦး

ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံရောင်းဝယ်လျက်ရှိပြီး မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ်နှင့် စားတော်ပဲသီးနှံများရောင်းဝယ်လျက်ရှိပါသည်။

တောင်ငူမြို့သို့ အခြားအရပ်ဒေသများမှ သစ်သီးဝလံပန်းမန်များနှင့်အတူ ကွမ်းရွက်များကိုလည်း လာရောက်ရောင်းကြပါသည်။ ယခင်နှစ်မိုးရာသီကာလတွင် ကွမ်းနုဝါမှာ တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၄၅၀၀ကျပ်အထိနှင့် မုံရွာကွမ်းမှာ တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၄၀၀၀ကျပ်အထိရှိခဲ့ပါသည်။
