“ခဝဲသီးဈေးကောင်းရ၍ တောင်သူများ အကျိုးအမြတ်ဖြစ်ထွန်း”

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်အတွင်းတွင် စပါး၊ပဲ၊ပြောင်း၊ကြက်သွန်နှင့်ငရုတ် သီးနှံများအပြင် ခဝဲသီးနှံကိုလည်း တောင်သူများမှာ တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ် စိုက်ပျိုးလာကြ ကြောင်း၊ ခဝဲစိုက်ပျိုးရန် အကောင်းဆုံးအချိန်မှာ ယခုလို မိုးတွင်းဖြစ်သော ဇွန်နှင့် ဇူလိုင်လများတွင် စိုက်ပျိုးလျှင် ပိုမိုဖြစ်ထွန်းကြောင်း၊ ခဝဲသီးနှံစိုက်ပျိုးရာတွင် မျိုးအနေဖြင့် ခဝဲရှည်မျိုးနှင့် ခဝဲပုမျိုး ဟူ၍ နှစ်မျိုးရှိကြောင်း၊ ခဝဲပုမျိုးသည် မြန်မာမျိုးဖြစ်ပြီး ၊ ခဝဲရှည်မျိုးသည် ထိုင်ဝမ်မျိုး ဖြစ်ကြောင်း အများဆုံးစိုက်ပျိုးသောမျိုးမှာ ထိုင်ဝမ်မျိုးများဖြစ်ကြောင်း၊ မြို့နယ်အတွင်းစိုက်ပျိုးသော ရွာများမှာ ပင်းတလည်၊ ကျောက်ခုံရွာများဖြစ်ပြီး ခဝဲစိုက်ပျိုးမှုအနေဖြင့် စင်ခံစိုက်ပျိုးကြကြောင်း၊ တစ်ဧကမျိုး အသုံးပြုမှုအနေဖြင့် (၅)ထုပ်မှ (၆) ထုပ်ကုန်ကျကြောင်း၊ မျိုးတစ်ထုပ် ဈေးနှုန်းအနေဖြင့် (၆၀၀၀/ ၇၀၀၀)ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ မျိုးသွင်းအားစု တိုင်၊ ဝါးများအပါအဝင် စုစုပေါင်း တစ်ဧက ကုန်ကျစရိတ် (၁၅၀၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး နှစ်လခွဲခန့်အကြာ တွင် ရောင်းတန်းဝင်အသီးများ စတင်ခူးဆွတ်နိုင်ပြီဖြစ်ကြောင်း တစ်ဧကလျှင် ခဝဲပိဿာ (၁၅၀၀) ခန့် ထွက်ရှိကြောင်း၊ ခဝဲသီး တစ်ပိဿာလျှင် လက်ကားဈေး (၂၀၀၀/-)ကျပ်ဖြင့် ရောင်းချပေးလျက် ရှိကြောင်း၊ ခဝဲသီးကို လူတိုင်း ကြိုက်နှစ်သက်ကြပြီး ခဝဲဟင်းချို၊ ခဝဲသီးကြာဇံကြော်၊ ခဝဲသီး အတို့အမြှုပ်ဖြင့် စားသုံးကြကြောင်း၊ ခဝဲသီးစားသုံးခြင်းဖြင့် ကိုယ်အလေးချိန် ထိန်းညိုပေးခြင်း၊ အရိုးပွရောဂါကို ကာကွယ်ပေးခြင်းနှင့် နှလုံးကိုကျန်းမာစေကြောင်း လေ့လာသိရှိရပါသည်။ ခဝဲစိုက် ပျိုးခြင်းဖြင့် ကုန်ကျစရိတ်သက်သာပြီး စီးပွားဖြစ် ဝင်ငွေတိုးကြောင်း တစ်ဧကကုန်ကျ စရိတ်နုတ်ပြီး (၉၀၀၀၀၀/-)ကျပ်ခန့် မြတ်ကြောင်း၊ ခဝဲဈေး ကောင်းမွန်သောကြောင့် တောင်သူများ အကျိုးအမြတ် ဖြစ်ထွန်းကြောင်း၊ ခဝဲဈေးနှုန်းများ ဆက်လက် ကောင်းမွန်ပါက တောင်သူများ စိုက်ပျိုးရကျိုးနပ် ကြောင်း ခဝဲစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)