ပြည်ပကုန်သွယ်မှုသတင်းများ
အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ပြည်တွင်း၌ထွက်ရှိသည့် စားအုန်းဆီကြမ်း (CPO) ပါဝင်မှု အချိုး အစား ၅၀% နှင့် ဒီဇယ် ၅၀% ရောနှောပါဝင်သည့် ဇီဝဒီဇယ် (B50) ကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သဖြင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှစ၍ ဒီဇယ်ဆီတင်သွင်းမှုကို ရပ်တန့်မည် ဖြစ်သည်ဟု အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီး Mr. Andi Amran Sulaiman က ပြောကြားသည်ကို အင်ဒိုနီးရှားအခြေစိုက် ANTARA သတင်းဌာနက ဧပြီလ ၁၉ ရက်နေ့တွင် ဖော်ပြထားသည်။

တရုတ်ပြည်တွင်း၌ စားနပ်ရိက္ခာ ထောက်ပံ့ပေးသွင်းမှုမှာ ဆက်လက်တည်ငြိမ်မှုရှိနေသော် လည်း အရှေ့အလယ်ပိုင်းဒေသတွင် နိုင်ငံရေးတင်းမာမှုများ အရှိန်မြင့်တက်လျက်ရှိခြင်းက ကမ္ဘာ့ စွမ်းအင်နှင့် ဓာတ်မြေဩဇာ ဈေးနှုန်းများကို မြင့်တက်စေပြီး တရုတ်နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး ကဏ္ဍအတွက် စရိတ်စကများ မြင့်တက်မှုကို ဖြစ်ပေါ်စေနိုင်သည်ဟု တရုတ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လူမှုရေး အကယ်ဒမီသိပ္ပံ (Chinese Academy of Social Sciences' Institute of Rural Development) မှ စိုက်ပျိုးရေးသုတေသီ Li Guoxiang က ပြောဆို

ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်းကြောင့် ရိက္ခာထောက်ပံ့ပေးသွင်းမှု အလျဉ်ပြတ် လပ်ခြင်း ဖြစ်ပေါ်လာနိုင်ခြေရှိသည့်အပေါ် ကြိုတင်စီမံဆောင်ရွက်မှုအဖြစ် မလေးရှားအစိုးရသည် နိုင်ငံ၏ အရန်ဆန်သိုလှောင်ထားရှိမှုကို တန်ချိန် ၃၀၀၀၀၀ အထိ တိုးမြှင့်ခဲ့သည်။

မလေးရှားနိုင်ငံသည် ဒီဇယ်ဆီကုန်ကျစရိတ်များ ကျယ်ပြန့်စွာလျှော့ချရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ဒေသအဖြစ် ဇီဝလောင်စာဆီထုတ်လုပ်မှုကို တိုးချဲ့ရန်ကြိုးပမ်းလျက်ရှိပြီး ယခုအခါ ဇီဝဒီဇယ်စက်ရုံ ၁၉ ရုံမှ တစ်လလျှင် လီတာ ၁.၅ သန်းခန့် ထုတ်လုပ်နိုင်နေပြီဖြစ်သည်ဟု ဒုတိယ ဝန်ကြီးချုပ် Datuk Seri Dr Ahmad Zahid Hamidi က ဧပြီ ၁၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

တင်ပို့မှုမြင့်တက်လာခြင်းနှင့် တင်းကျပ်သောနိုင်ငံတကာ စံချိန်စံညွှန်းများကို ပိုမိုလိုက်နာလာခြင်းတို့ကြောင့် ဗီယက်နမ်နိုင်ငံ၏ သစ်သီးနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုများသည် ယခုနှစ် အစပိုင်းကို အားကောင်းစွာ စတင်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအားမြင့်မားမှုကို ထုတ်လုပ်သူ များ အသုံးချနိုင်ခဲ့ကြောင်း

ရုရှားနိုင်ငံသည် ထိုင်းဈေးကွက်သို့ တင်ပို့မှုတိုးမြှင့်ရန် အဆင်သင့်ရှိကြောင်း ရုရှားဒုတိယ ဝန်ကြီးချုပ် Dmitry Patrushev က ပြောကြားခဲ့သည်ဟု Russian Embassy in Thailand ၏ Facebook စာမျက်နှာတွင် ထုတ်ပြန်ထားကြောင်း သိရပါသည်။ ၎င်းထုတ်ပြန်ချက်သည် မော်စကိုမြို့တွင

ဗီယက်နမ်နိုင်ငံ၏ မော်တော်ယာဉ်ဈေးကွက်သည် မတ်လတွင် အားကောင်းစွာ ပြန်လည်တိုးတက်လာခဲ့ပြီး လုပ်ငန်းနယ်ပယ်၏ စုစုပေါင်းရောင်းအားမှာ ယခင်လနှင့် နှိုင်းယှဉ်ပါက ၇၀,၈၅၉ စီးဖြင့် နှစ်ဆကျော်မြင့်တက်လာကာ နှစ်အစပိုင်းတွင် ရောင်းအားနှေးကွေးခဲ့သည့် အခြေအနေမှ ပြန်လည်နာလန်ထူလာ

ဆန်တင်ပို့မှုသည် ထိုင်းနိုင်ငံအတွက် အလွန်အရေးကြီးသော ဝင်ငွေရရှိရာ လမ်းကြောင်းတစ်ခုဖြစ်သည်။ ထို့အပြင် ဆန်သည် ထိုင်းနိုင်ငံရှိ စိုက်ပျိုးရေးအိမ်ထောင်စုများ၏ ၆၁ ရာခိုင်နှုန်း (သို့မဟုတ်) အိမ်ထောင်စု ၄.၆၈ သန်း ခန့် စိုက်ပျိုးနေကြသော အဓိကသီးနှံဖြစ်သည်။ ယင်းသည် တစ်နိုင်ငံလုံးရှိ လူဦးရေ၏ ၄၅ ရာခိုင်နှုန်း (သို့မဟုတ်) လူဦးရေ သန်း ၂၀ ခန့်ကို ကိုယ်စားပြုနေခြင်းလည်း ဖ

ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း မော်တော်ကားအရောင်း ကျဆင်းနေသော်လည်း၊ ကမ္ဘာလုံးဆိုင်ရာ ရေနံအကျပ်အတည်းများကြားတွင် လျှပ်စစ်ကား (EV) ကဏ္ဍမှာ သိသိသာသာ တိုးတက်လာသည့် တစ်ခုတည်းသော အချက်အချာဖြစ်လာကြောင်း ဧပြီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည့် စက်မှုအချက်အလက်မျ

ဗီယက်နမ်နိုင်ငံမှ ကျွဲကောသီးနှင့် သံပရိုသီးများကို တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် လိုက်နာရမည့် phytosanitary သတ်မှတ်ချက်များဆိုင်ရာ ပရိုတိုကော (သဘောတူစာချုပ်မချုပ်မီညှိနှိုင်းချက်) တစ်ရပ်ကို ဧပြီ ၁၅ ရက်တွင် ဘေဂျင်းမြို့၌ ဗီယက်နမ်စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်

ဗီယက်နမ် အမျိုးသား ဓာတုပစ္စည်း အုပ်စု (Vinachem) ၏ အထွေထွေဒါရိုက်တာ Nguyen Huu Tu ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဓာတုပစ္စည်းနှင့် မြေသြဇာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် အီဂျစ်နိုင်ငံသို့ အလုပ်သဘော ခရီးစဉ်တစ်ရပ် သွားရောက်ခဲ့ကြော

ကမ္ဘာလုံးဆိုင်ရာ ဖိအားများ မြင့်တက်လာနေသည့်အခြေအနေတွင် ပြည်တွင်းထုတ်လုပ်မှု တည်ငြိမ်မှုနှင့် ထိရောက်သော မူဝါဒများကြောင့် အင်ဒိုနီးရှားနိုင်ငံသည် အစားအစာဖူလုံရေးကို ထိန်းသိမ်းထားနိုင်နေကြောင်း သိရပါသည်။ အမျိုးသား အစားအစာအာဏာပိုင်အဖွဲ့ (Bapanas) ၏အဆိုအရ လူဦးရ

