ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
07 Nov 2023

   အိန္ဒိယနိုင်ငံ၌ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အနောက်တောင်မုတ်သုံလေ ဝင်ရောက်တိုက် ခတ်မှု ပြောင်းလဲခြင်းသည် ၂၀၂၃-၂၄ ခုနှစ် စိုက်ပျိုးရေးရာသီအတွင်း မိုးသီးနှံစိုက်ပျိုးမှုအပေါ် သက်ရောက်မှုရှိပြီး သီးနှံအများအပြားသည် ယခင်နှစ်ကာလနှင့် နှိုင်းယှဉ်ပါက အထွက်ကျဆင်း ဖွယ်ရှိကြောင်း ၂၇-၁၀-၂၀၂၃ နေ့တွင် အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော ယခုနှစ် မိုးသီးနှံများအတွက် ကနဦးအထွက်ပမာဏ ပထမအကြိမ် ခန့်မှန်းချက်များအရ သိရှိရသည်။

07 Nov 2023

၁။      အိန္ဒိယပြည်တွင်းဈေးကွက်၌ ကြက်သွန်နီဈေးနှုန်းများမှာ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ရာ ဈေးကွက်ဈေးနှုန်းများကို ထိန်းညှိနိုင်ရန်အတွက် အစိုးရသည် ပြည်ပသို့ ကြက်သွန်နီတင်ပို့မှု အပေါ် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်း ၁ တန်လျှင် ဒေါ်လာ ၈၀၀ သတ်မှတ်လိုက်ကြောင်း သိရှိရသည်။

31 Oct 2023

အိန္ဒိယနိုင်ငံအတွင်းရှိ အဓိကရေလှောင်တမံ ၁၅၀ ခု၌ ရေသိုလှောင်မှုအဆင့်သည် သိုလှောင်နိုင်စွမ်းပမာဏ ကုဗမီတာ ၁၇၈.၇၈၄ ဘီလီယံအပေါ် ယခင်ရက်သတ္တပတ်တွင် ၇၄% ရှိခဲ့ရာမှ ယခုသီတင်းပတ်၌ ၇၃% သို့ ကျဆင်းခဲ့ပါသည်။

31 Oct 2023

နှစ်နိုင်ငံအကြားသံတမန်ဆက်ဆံရေးတင်းမာမှု အရှိန်မြင့်တက်လာသည့်အခြေအနေတွင် တစ်ဖက်ဖက်မှ အကောက်ခွန်ဆိုင်ရာ လက်တုံ့ပြန်မှုများ ချမှတ်ဆောင်ရွက်လာနိုင်မည့်အရေးကို စိုးရိမ်မှုများရှိသည့်အလျောက် အိန္ဒိယနိုင်ငံရှိ သွင်းကုန်လုပ်ငန်းရှင်များသည် ကနေဒါနိုင်ငံထံမှ ပဲနီလေး ဝယ်ယူတင်သွင်းရန် စာချုပ်အသစ်များ ထပ်မံချုပ်ဆိုခြင်းမပြုပဲ ရပ်ဆိုင်းထားကြောင်း Economic Times သတင်းဌာနက ဖော်ပြပါသည်။

31 Oct 2023

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် ကျင်းပသော ၆ ကြိမ်မြောက် နိုင်ငံတကာဆန်စပါးညီလာခံတွင် အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာန (IRRI)၊ ဖိလစ်ပိုင်ဆန်စပါးသုတေသနဌာန (PhilRice) နှင့် ဖိလစ်ပိုင်သီးနှံအာမခံကော်ပိုရေးရှင်း (PCIC) တို့သည် သီးနှံအာမခံမှု စီမံကိန်းဆိုင်ရာ သဘောတူညီချက်စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။

31 Oct 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယခုနှစ် ဘိုရိုရာသီ (Boro season) ခေါ် နွေစပါးရာသီတွင် စပ်မျိုးစပါးများ စိုက်ပျိုးထုတ်လုပ်ရေးနှင့် စပ်လျဉ်းသည့် ဆွဲဆောင်မှုတစ်ခုအဖြစ် တာကာငွေ ကုဋေ ၉၀ ကို ပံ့ပိုးပေးမည်ဟု အစိုးရက ၁၉-၁၀-၂၀၂၃ ရက်နေ့တွင် အမိန့်ထုတ်ပြန်ခဲ့ပြီး ကွင်းဆင်းလေ့လာ သည့်အဆင့်များကို  မကြာမီ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။    

အဆိုပါပံပိုးမှုအစီအစဉ်အောက်တွင် လုပ်ကွက်ငယ်လယ်သမား ၁၄.၄၀ သိန်းသည် ၁ ဘီဂါ (bigha) (၁၆၀၀ စတုရန်းကိုက်) အကျယ်အဝန်းရှိသောစိုက်ပျိုးမြေအတွက် လုံလောက်မှုရှိမည့် စပ်မျိုးစပါး မျိုးစေ့ နှစ်ကီလိုဂရမ်ကို အခမဲ့ရရှိမည်ဖြစ်သည်။

31 Oct 2023

အင်ဒိုနီးရှားနိုင်ငံအစိုးရအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ပြည်ပမှဆန်တင်သွင်းမှုကို ရှောင်ကြဉ်လျက် နိုင်ငံအတွင်း ဆန်စပါးထုတ်လုပ်မှုမှ ဖူလုံမှုရှိစေရေး တွန်းအားပေးဆောင်ရွက်လျက်ရှိ ကြောင်းသိရှိပါသည်။

31 Oct 2023

တရုတ်နိုင်ငံ၌ နွေရာသီကာလအတွင်း အပူလှိုင်းများရိုက်ခတ်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် သီးနှံစိုက်ခင်းများ ပျက်စီးမှုရှိပြီး အချို့ဒေသများတွင် ရိတ်သိမ်းနိုင်ခြင်းမရှိပဲ စားနပ်ရိက္ခာထုတ်လုပ်မှုကို ထိခိုက်စေခဲ့သော်လည်း နိုင်ငံ၏ကောက်ပဲသီးနှံထွက်ရှိမှုမှာ စံချိန် တင်မြင့်တက်နိုင်ကြောင်း အစိုးရသတင်းအရင်းအမြစ်များအရ သိရှိရပါသည်။

31 Oct 2023

ဗီယက်နမ်နိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနရှိ ပို့ကုန်သွင်းကုန်ဦးစီးဌာန၏ ၁၈-၁၀-၂ဝ၂၃ နေ့ စာရင်းထုတ်ပြန်ချက်အရ ပြည်ပသို့ ဆန်တင်ပို့ရန် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသော ပို့ကုန်လုပ်ငန်းရှင်ဦးရေသည် ၁၇ဝ ရှိကြောင်း သိရှိရပါသည်။

အဆိုပါကြေညာချက်အရ Ho Chi Minh မြို့တော်သည်  သတ်မှတ်အရည်အချင်း ပြည့်မီသော ဆန်တင်ပို့သည့် ကုမ္ပဏီ ၃၇ ခုဖြင့် အများဆုံးဖြစ်ပြီး ၎င်း၏နောက်၌ မဲခေါင်မြစ်ဝကျွန်းပေါ် ဒေသရှိ Can Tho မြို့တွင် ၃၆ ခု၊ တောင်ပိုင်းပြည်နယ်များဖြစ်ကြသော Long An နှင့် An Giang တို့တွင် ၂၂ ခုနှင့် ၁၆ ခု အသီးသီးရှိကြောင်း သိရှိရပါသည်။

31 Oct 2023

အိန္ဒိယနိုင်ငံ၌ မကြာသေးမီကာလအတွင်း နိုင်ငံပိုင်ကော်ပိုရေးရှင်း တစ်ခုအဖြစ် အသစ် တည်ထောင်ဖွဲ့စည်းခဲ့သော အမျိုးသားပို့ကုန်များသမဝါယမလီမိတက် (National Cooperative Exports Ltd  ̶  NCEL) သည် အာဖရိကအရှေ့ပိုင်းရှိ မောရစ်သျှနိုင်ငံသို့ ဘာစမာတီမဟုတ်သော ဆန်တန်ချိန် ၃၉၅၀ ကို တင်ပို့ခြင်းဖြင့် ၎င်း၏ ပထမဦးဆုံးအကြိမ် ပြည်ပသို့ ကုန်စည်တင်ပို့မှုကို စတင်ခဲ့ကြောင်း သိရှိရသည်။

31 Oct 2023

အိန္ဒိယနိုင်ငံ၌ အမျိုးသားအဆင့်သမဝါယမပို့ကုန်ဆိုင်ရာ ညီလာခံတစ်ရပ်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ကျင်းပခဲ့ရာ သမဝါယမဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Amit Shah က အသစ်ဖွဲ့စည်းတည်ထောင်ခဲ့သော အမျိုးသားပို့ကုန်များသမဝါယမလီမိတက် (National Cooperative Exports Limited - NCEL) သည် ပြည်ပသို့တင်ပို့မည့် ကုန်စည်များကို အစိုးရက သတ်မှတ်သည့် အနိမ့်ဆုံး အထောက်အကူပြု အခြေခံရည်ညွှန်းဈေးနှုန်း (Minimum Support Price - MSP) ဖြင့် အသင်းဝင် လယ်သမားများထံမှ ဝယ်ယူမည်ဖြစ်ကြောင်း၊ လက်ရှိကာလ၌ NCEL သည် ရူပီးငွေ ကုဋေ ၇၀၀၀ တန်ဖိုးရှိ ပို့ကုန်အမှာစာများ ရရှိထားပြီးဖြစ်ကြောင်း၊ NCEL ၏ ပြည်ပသို့ ကု

31 Oct 2023

ဖိလစ်ပိုင်နိုင်ငံ၌ ၂၀၂၃ ခုနှစ်အတွင်း စပါးစိုက်ပျိုးထုတ်လုပ်မှုမှာ မက်ထရစ်တန်ချိန်သန်း၂၀ အထိ ထွက်ရှိလျက် ယခင်နှစ် စပါးထွက်ရှိမှု တန်ချိန် ၁၉.၇ သန်းအပေါ် ၁.၅% တိုးတက်မှုရရှိနိုင်ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဒုတိယအတွင်းဝန် Leocadio Sebastian က ၁၉-၁၀-၂၀၂၃ နေ့တွင် ကျင်းပသည့် ဆဋ္ဌမအကြိမ် နိုင်ငံတကာ ဆန်စပါးညီလာခံ၌ သတင်းထောက်များသို့ ပြောကြားခဲ့ပါသည်။

Pages