ပြည်ပကုန်သွယ်မှုသတင်းများ
ပြည်တွင်း စားနပ်ရိက္ခာထောက်ပံ့မှုအပေါ် အယ်နီညိုဖြစ်စဉ်၏ သက်ရောက်မှု အကျိုးဆက်ကို ကြံ့ကြံ့ခံရင်ဆိုင်နေရသည့် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့် ဆန်ထောက်ပံ့ပေးသွင်းမှု သဘောတူညီချက်တစ်ရပ် ရေးထိုးနိုင်မည့် အလားအလာကို လေ့လာလျက်ရှိကြောင်း သိရပါသည်။

အိန္ဒိယနိုင်ငံအစိုးရသည် တန်ဇန်နီးယားနိုင်ငံသို့ ဘာစမာတီမဟုတ်သောဆန်ဖြူ တန်ချိန် ၃ဝဝဝဝ နှင့် ဂျီဗိုတီနှင့် ဂီနီယာဘစ်ဆောနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၈ဝဝဝဝ တို့ကို အမျိုးသားပို့ကုန်များ သမဝါယမလီမိတက် (National Cooperative Exports Limited - NCEL) မှတစ်ဆင့် တင်ပို့ခွင့်ပြုကြောင်း ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ၁-၃-၂၀၂၄ ရက်နေ့တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပါသည်။
အိန္ဒိယနိုင်ငံတွင် ၂ဝ၂၃-၂၄ သီးနှံရာသီနှစ်အတွင်း မိုးရွာသွန်းမှုမှာ ပျှမ်းမျှမိုးရေချိန်အောက်သို့ ရောက်ရှိခဲ့သဖြင့် ဆန်ထုတ်လုပ်မှုမှာ ၈ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် လျော့နည်း ကျဆင်းဖွယ်ရှိသော်လည်း ဂျုံအထွက်နှုန်းမှာ ယခင်နှစ်ထက် ၁.၃% တိုးတက်လာနိုင်သည်ဟု ၂၉-၂-၂၀၂၄ နေ့၌ ထုတ်ပြန်သော အစိုးရ၏ ကြေညာချက်တစ်ခုတွင် ဖော်ပြထားပါသည်။

အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၂၄ ခုနှစ် မတ်လမှ ဧပြီလအတွင်း တစ်နိုင်ငံလုံး၌ စပါးတန်ချိန် ၈.၄၆ သန်း အထိ ရိတ်သိမ်းထွက်ရှိနိုင်မည်ဟု စိုက်ပျိုးရေးဝန်ကြီးဌာနက ခန့်မှန်းလျက်ရှိပါသည်။

သြစတြေးလျနိုင်ငံသို့ ဈေးကွက်ချဲ့ထွင်မှုအပြင် ကမ္ဘောဒီးယား၏ ပို့ကုန်အခွင့်အလမ်း များကိုလည်း တိုးမြင့်စေနိုင်မည်ဖြစ်သော ကမ္ဘောဒီးယား စံပယ်မွှေးဆန်များ ပိုမိုတင်သွင်းမည့် SunRice Group ၏ အစီအစဉ်အပေါ် ကမ္ဘောဒီးယား ဆန်စပါးလုပ်ငန်းရှင်များက အပြုသဘော ရှုမြင်လျက် ရှိကြကြောင်း သိရှိရသည်။

ဩစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ကျင်းပလျက်ရှိသော အာဆီယံ-ဩစတေးလျ အထူး ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်နေသည့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်တို့သည် ၅-၃-၂၀၂၄ နေ့၌ နှစ်နိုင်ငံအကြား ဆန်ကုန်သွယ်မှုနှင့်စပ်လျဉ်း၍ သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

မွန်ဘိုင်းဈေးကွက်ပိတ်ချိန်တွင် မြန်မာ့မတ်ပဲ FAQ မှာ ၁ကွမ်တယ်လျှင် ၈၅၂၅ရူပီးနှင့် မြန်မာ့ပဲစင်းငုံနီမှာ ၁ကွမ်တယ်လျှင် ၁၀၅၀၀ရူပီး စသည့်ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ မတ်လ ၄ရက်နေ့ အဖွင့်ဈေးနှင့်နှိုင်းယှဉ်ပါက မတ်ပဲ FAQ မှာ ၂၅ရူပီးဈေးနှုန်းကျဆင်းလာခဲ့ပြီး ပဲစင်းငုံနီမှာ ဈေးငြိမ်နေကြောင်းသိရှိရသည်။ (၁ကွမ်တယ်ဈေးဖြစ်ပြီး ၁၀၀ ကီလိုဂရမ်နှင့်ညီမျှသည်)
မတ်လ ၄ရက်နေ့တွင် ဒေလီဈေးကွက်၌ မြန်မာ့မတ်ပဲ SQ ဈေးမှာ ၁ကွမ်တယ် ၉၉၀၀ ရူပီး၊ မြန်မာ့မတ်ပဲ FAQ မှာ ၁ကွမ်တယ် ၈၉၀၀ရူပီးနှင့် မြန်မာ့ပဲစင်းငုံနီမှာ ၁၀၇၀၀ရူပီးရှိကြောင်းသိရှိရသည်။

မွန်ဘိုင်းဈေးကွက်ဖွင့်ချိန်တွင် မြန်မာ့မတ်ပဲ FAQ မှာ ၁ကွမ်တယ်လျှင် ၈၅၅၀ရူပီးနှင့် မြန်မာ့ပဲစင်းငုံနီမှာ ၁ကွမ်တယ်လျှင် ၁၀၅၀၀ရူပီးဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်ခဲ့သည်။ ၂၀၂၄ခုနှစ်၊ မတ်လ ၂ရက်နေ့၌ဖြစ်ပေါ်ခဲ့သော အပိတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက မတ်ပဲ FAQ မှာ ၅၀ရူပီးနှင့် ပဲစင်းငုံနီမှာ ၁၅၀ရူပီး စသည်ဖြင့် ဈေးနှုန်းအသီးသီးမြင့်တက်လာကြောင်းသိရှိရသည်။ (၁ကွမ်တယ်လျှင် ၁၀၀ကီလိုဂရမ်နှင့်ညီမျှသည်)

ကမ္ဘာ့ဒုတိယအကြီးမားဆုံးစားအုန်းဆီထုတ်လုပ်သည့် မလေးရှားနိုင်ငံသည် ဥရောပသမဂ္ဂ ၏ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် အသက်ဝင်မည့် သစ်တောပြုန်းတီးမှု ကာကွယ်ရေး ဥပဒေသစ်ကြောင့် တင်ပို့မှုပျက်ပြယ်နိုင်မည့် စားအုန်းဆီများကို အာရှနှင့် အာဖရိကမှ ဝယ်ယူရန် မျှော်လင့်လျက်ရှိကြောင်းသိရပါသည်။ ဥရောပသမဂ္ဂသည် သစ်တောပြုန်းတီးမှုဖြစ်ပေါ်ပြီးမှ ရရှိလာမည့် လူသုံးကုန်နှင့်စားသုံးကုန်ပစ္စည်းများကို ဆိုင်များနှင့်စူပါမားကတ်များတွင် ရောင်းချခွင့် ပိတ်ပင်မည်ဖြစ်သောကြောင့် စားအုန်းဆီထုတ်လုပ်သူများအနေနှင့် စားအုန်းဆီ ထုတ်လုပ်ရာတွင် သစ်တောပြုန်းတီးမှုမဖြစ်ပေါ်စေခဲ့ကြောင်း သက်သေပြရမည်ဖြစ်သည်။ စားအုန်

ထိုင်းနိုင်ငံအစိုးရသည် ဝန်ကြီးချုပ်မစ္စတာဆရတ်သာ မတ်လတွင် သွားရောက်မည့် ဂျာမနီနိုင်ငံခရီးစဉ်အတွင်း ဂျာမနီနိုင်ငံမှ လျှပ်စစ်ကားထုတ်လုပ်သူများကို ထိုင်းနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန်အတွက် ဖိတ်ခေါ်သွားရန်ရည်မှန်းထားကြောင်း ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ် မစ္စတာပန်ပရီက ဖေဖော်ဝါရီလ ၂၄ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ မစ္စတာပန်ပရီသည် ဖေဖော်ဝါရီလ ၂၁ရက်နေ့မှ ၂၅ရက်နေ့အထိ ဂျာမနီနိုင်ငံကို တရားဝင်ခရီးသွားရောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါခရီးစဉ်သည် သံတမန်ရေးရာ ရည်ရွယ်ချက်သာမက ဝန်ကြီးချုပ်မစ္စတာဆရတ်သာ၏ မတ်လ ၁၅ရက်နေ့တွင် ဂျာမနီနိုင်ငံသိ

ဗီယက်နမ်နိုင်ငံသည် လျှပ်စစ်ကားကဏ္ဍတိုးတက်လာပြီး အစိမ်းရောင်စွမ်းအင်သို့ အားကောင်းစွာကူးပြောင်းနိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ လျှပ်စစ်ကားများအတွက် မှတ်ပုံတင်သွင်းကြေးများကင်းလွတ်ခွင့်နှင့် သုံးစွဲသူများအတွက် အခွန်အခများလျှော့ချပေးခြင်း စသည့် အစိုးရ၏ ဦးစားပေးပံ့ပိုးပေးထားသည့် မူဝါဒများမှာ လျှပ်စစ်ကားများသုံးစွဲမှုကိုအားပေးမည့် အဓိက ကဏ္ဍတွင်ရှိနေကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံ၏ လျှပ်စစ်ကားအရေအတွက်မှာ ၂၀၁၉ခုနှစ်တွင် ၁၃၈စီးရှိခဲ့ရာမှ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလတွင် အစီးရေ ၂၈၀၀၀ကျော်ထိရှိလာကြောင်းသိရပါသည်။ ပြည်တွင်းလျှပ်စစ်ကားဈေးကွက်အတွက် ခန့်မှန်းမှုမှာ ၂၀၂၄ခုနှစ်တွင် အားတက်ဖ

၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့အကြီးမားဆုံး ဆန်တင်ပို့သည့်နိုင်ငံဖြစ်သော အိန္ဒိယသည် အစိုးရ၏ အထောက်အပံ့ပေးအပ်မှုကို အသုံးချပြီး ဆန်များတင်ပို့လျက် ကမ္ဘာ့ဈေးကွက်ကို လွှမ်းမိုးရန် လုပ်ဆောင်သည်ဟူ၍ ထိုင်းနိုင်ငံမှ စွပ်စွဲမှုကို ရင်ဆိုင်နေရကြောင်း သိရှိရပါသည်။
