ကုန်သွယ်မှုသတင်းများ

Powered by Drupal
13 Jan 2026

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အတွင်းရှိ ကျေးရွာများသည် စပါး၊ ပဲ၊ ပြောင်းနှင့် သီးနှံမျိုးစုံကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး၊ ပြောင်း၊ ဗူးသီး၊ သခွား၊ ငရုတ်၊ ကွမ်း၊ နေကြာ၊ ပဲမျိုးစုံတို့ကို စီးပွားဖြစ်စိုက်ပျိုးခြင်းနှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့်  မိသားစုအပိုဝင်ငွေရရှိနေပြီးကို ဓနုဖြူ သခွတ်ချောင်း ကျေးရွာ တွင် စိုက်ပျိုးကြောင်း သိရသည်။

13 Jan 2026

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကန့်ဘလူမြို့နယ် ဆန္ဒယားကျေးရွာ၊ ကံကြီးကုန်းကျေးရွာနှင့် အခြားသောကျေးရွာများတွင်လည်း ပဲဇီးကွက်သီးနှံများ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။

13 Jan 2026

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်းရှိ မြို့နယ်များတွင် မြစ်ချောင်းများအပေါ်အခြေခံ၍ သီးနှံ မျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်သီးကို ဓနုဖြူမြို့နယ် အတွင်း ၉၂၈ ဧက စိုက်ပျိုးရန်ရှိပြီး စိုက်ပျိုးပြီးဧကမှာ ၇၂၅ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

13 Jan 2026

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ကြက်ဆူနှင့် နေကြာသီးနှံတို့ကို စိုက်ပျိုးလျက်ရှိကြောင်း၊ ဆီနေကြာစိုက်ပျိုးရာတွင် မိုးနေကြာနှင့် ဆောင်းနေကြာဟူ၍ (၂)မျိုးရှိကြောင်း၊ ကန့်ဘလူမြို့နယ်၌ စိုက်ပျိုးလျက်ရှိသည့် နေကြာမျိုးအနေဖြင့်

Pages