ကုန်သွယ်မှုသတင်းများ

Powered by Drupal
22 Dec 2025

     တောင်ငူမြို့ မြို့မဈေးကြီး၊ ညောင်ပင်လေးဈေး၊ ဘုရင့်နောင်ဈေး၊ ဘုရားဈေး နှင့် ကရင်မဈေးများ တွင် ဆောင်းသီးနှံလေးများဖြစ်သည့် ဟင်းသီးဟင်းရွက်များ လာရောက်ရောင်းချရာ ခဝဲသီးများလည်း ဈေးကွက်အတွင်း၌ ဈေးနှုန်းအနည်းငယ်မြှင့်၍ရောင်းကောင်းသော သီးနှံတစ်မျိုးဖြစ်သည်။

22 Dec 2025

    တောင်ငူမြို့ ညောင်ပင်လေးဈေးအတွင်းရှိ ငှက်ပျောဆိုင်များတွင် ငှက်ပျောသီးနှင့် အုန်းသီးများ ဈေးနှုန်းကောင်းလျှက်ရှိပြီး ရခိုင်ငှက်ပျောသီးများကို ဝါဝင်/ ဝါထွက် ၊ ဘုရားပွဲ ၊ နတ်ပွဲများ၊ အလှူမင်္ဂလာပွဲများတွင် အသုံးများသလို ဈေးနှုန်းမှာလည်းမြှင့်တက်လျှက်ရှိကြောင်း သိရပါသည်။ ရခိုင်ငှက်ပျောသီးကို အသီး အရွယ်အစားပေါ်မူတည်ပြီး ၁ ဖီးလျှင် ၁၅၀၀ ကျပ် ၊ ၂၀၀၀ ကျပ်၊ ၂၅၀၀ ကျပ် မှ ၃၀၀၀ ကျပ်ထိ ဈေးနှုန်းမ

22 Dec 2025

  တောင်ငူမြို့၏ ကုန်စိမ်းဈေးဖြစ်သည့် ညောင်ပင်လေးဈေးသို့ မြို့၏အနီးတဝိုက်ကျေးရွာများ ဖြစ်သော ရှမ်းဝတီး၊ ဗမာဝတီး ၊ ဒိုးသောင် ၊ ဇီးဖြူသောင် နှင့် အခြားကျေးရွာများမှ ထွက်ရှိသော ဆောင်းသီးနှံ တစ်မျိုးဖြစ်သည့် ပြောင်းဖူးများ ရောင်းချလျက်ရှိနေသည်။

22 Dec 2025

    တောင်ငူမြို့ရှိ ညောင်ပင်လေးဈေးအပါအဝင် အခြားဈေးများတွင် သစ်သီးဝလံမျိုးစုံကို အနယ် နယ်အရပ်ရပ်မှ မှာယူရောင်းချလျက်ရှိရာ ယခုအခါ မြန်မာနိုင်ငံအထက်ပိုင်းဒေသဖြစ်သော ရှမ်းပြည်နယ် ဘက်မှ တင်သွင်း/ မှာယူ ရောင်းချလျက်ရှိသော လိမ္မော်သီးများသည် ယခင်လပေါ်ကာစတွင် ဈေးနှုန်းမြင့်သော်လည်း ယခုအခါ ဈေးနှုန်းအနည်းငယ်ကျဆင်းလာပါသည်။ ယခင်လတွင် လိမေ္မာ်သီးများ  အလုံး အသေး /အလတ်/ အကြီး ခွဲခြားပြီးရောင်

22 Dec 2025

   တောင်ငူမြို့ ညောင်ပင်လေးဈေးတွင် တောင်ငူမြို့နှင့်အနီးတဝိုက်ကျေးရွာများနှင့် အခြားဒေသ များမှ ဒေသထွက် ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများ ရောင်းချလျှက်ရှိရာ  နံနံပင် ဈေးနှုန်းမှာ  ယခင်လက ၁ ပိဿာလျှင် ၄၀၀၀၀ ကျပ် မှ ၅၀၀၀၀ကျပ် ထိဈေးနှုန်းမြင့်တက်ခဲ့သော်လည်း ယခု ဒီဇင်ဘာလ ဒုတိယပတ်တွင် ၁ ပိဿာလျှင် ၁၀၀၀၀ ကျပ် မှ ၁၂၀၀၀ ကျပ်ထိ ဈေးနှုန်းကျဆင်း လာပါသည်။

Pages