သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
28 Oct 2024

          စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင် တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူနှင့် ဒုတိယ ဦးစီးမှူး ဦးနေစိုးထက်တို့သည် အောက်တိုဘာလ ၁၁ ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် တောင်ငူမြို့၌ ရောင်းချသော စည်သွတ်အစားအစာများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပူးပေါင်းအဖွဲ့များနှင့်အတူ ဆောင်ရွက်ခဲ့ပါသည်။

28 Oct 2024

      ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ထားဝယ်အထူးစီးပွားရေးဇုန် ၁၃/၂၀၂၄-၂၀၂၅ MC+OSSC အစည်းအဝေးအား Online Virtual ဖြင့် ကျင်းပခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

28 Oct 2024

            စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများဖြစ်သော ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်နှင့် ဦးစီးမှူး ဦးစောသန်းထိုက်ကျော်တို့သည် ခရိုင်အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ညှိနှိုင်းချက်အရ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်တွင် တောင်ငူမြို့ပေါ်ရှိ ဆေးဆိုင်ကြီးများသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပါသည်။

28 Oct 2024

           စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဖြူးမြို့စည်ပင်သာယာဈေး၌ ဈေးသူ ဈေးသားများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

28 Oct 2024

    ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့၊ ညနေ(၁၇:၀၀) အချိန်တွင် ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်ဆန်စပါးလုပ်ငန်းအသင်းအစည်းအဝေးခန်းမတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူး ဒေါ်မြသီတာ(ဦးစီးအရာရှိ)သည် မြို့နယ်ဆန်စပါးလုပ်ငန်းအသင်းသားများနှင့် တွေ့ဆုံခဲ့ကြပါသည်။

Pages