သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
28 Oct 2024

          ဟင်္သာတခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့သည် (၁၃.၁၀.၂၀၂၄)ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်မှစတင်၍ လေးမျက်နှာမြို့ပေါ်ဈေးရှိ ကုန်စုံဆိုင်များတွင် တရားမဝင်ကုန်စည်များရောင်းချခြင်းရှိ/ မရှိကိုလည်းကောင်း၊ လေးမျက်နှာမြို့နယ် ပန်းတောကြီးဂိတ်တွင် ဖြတ်သန်းသွားလာသော မော်တော်ယာဉ်များတွင် တရားမဝင်ကုန်စည်များ သယ်ယူပို့ဆောင်ခြင်း ရှိ/ မရှိကိုလည်းကောင်း ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

28 Oct 2024

         စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၁၅.၁၀.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်  မြို့မတဲကြီးကုန်းလမ်း၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ Online စနစ်ဖြင့် ရောင်းချလျက်ရှိသော အထည်အမျိုးမျိုးနှင့် အလှကုန်ပစ္စည်းအမျိုးမျိုးရောင်းချသောဆိုင်များသို့ အွန်လိုင်းမှတ်ပုံတင်ထားမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

28 Oct 2024

          စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၁၅.၁၀.၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ ဗိုလ်အောင်ကျော် စည်ပင်ဈေးအတွင်းရှိ ဗူးသွပ်ဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါ သည်။

25 Oct 2024

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်သည် စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အောက်တိုဘာလ ၁၅ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းအကြောင်းသိကောင်းစရာများကို အသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

25 Oct 2024

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)၊ ပုဒ်မ ၄၁ပါ ကုန်အညွှန်းအမှတ်အသားများနှင့်ပြည့်စုံမှုမရှိသော ကုန်စည်များထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်းမရှိစေရန်ရည်ရွယ်၍ မုံရွာခရိုင်ဦးစီးမှူးရ

Pages