သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မှ မြို့နယ်တာဝန်ခံ နှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ပေါ်ရှိ ဆန်ဆိုင်များအား ဌာနဆိုင်ရာအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ၊ ကျိုက်လတ်မြို့ (၆) ရပ်ကွက်ရှိ “ပြည့်လျှံ” ဆန်စက်သို့ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ကြ ပါသည်။

စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းတို့သည် ပြန်/ဆက်ဦးစီးဌာန၊ အား/ကာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁.၉.၂၀၂၅) ရက်၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ ကျုံကလွတ် ကျေးရွာ(အ.ထ.က) ခွဲကျောင်းရှိ ဆရာ/မ ၊ ကျောင်းသား/သူ (၃၂၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် (၁.၉.၂၀၂၅) ရက်၊ နံနက် (၉:၃၀) နာရီအချိန်တွင် မြမြင့်မိုရ် ဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချ နေသော ခေါက်ဆွဲခြောက်ထုပ်များအား ကုန်အညွှန်းအမှတ်အသားနှင့် FDA ထောက်ခံချက် ပြည့်စုံမှုရှိ/ မရှိ စိစစ်ခဲ့ကြပါသည်။စားသုံးသူရေးရာဦးစီးဌာနမ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ဆန်စက်လုပ်ငန်းရှင်များ အသင်းရုံးတွင် (၁.၉.၂၀၂၅) နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် လုပ်ငန်းရှင်(၇)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

