သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (၂၂.၁၀.၂၀၂၃) ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဓနုဖြူမြို့ပေါ်ရှိ ဆေးမျိုးစုံ ရောင်းချသည့်နေသည့် ဆိုင်(၇)ဆိုင်တွင် ရောင်းချနေသော ဆေးအမျိုးမျိုးအား ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်အတူ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပါသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးချစ်ကိုကိုနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ (၂၁.၁၀.၂၀၂၄)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲတို့နှင့်ပူးပေါင်း၍ လက်ပံတန်းမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးရောင်းချသည့် ဆိုင်များသို့သွားရောက်၍ ဈေးနှုန်းမြင့်တင်ရောင်းချမှုရှိ/ မရှိ၊ ပစ္စည်းပြတ်လတ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ (၂၁-၁၀-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်သန်းသန်းအေးနှင့် ဝန်ထမ်းများသည် အခြားမိတ်ဖတ်ဌာနဆိုင်ရာများဖြစ်သော ဆေးရုံအုပ်ကြီး ဒေါက်တာသန်းထိုက်စိုးနှင့် ဆရာမများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဒေါ်မေသဇင်ဦး (ဒု-ဦးစီးမှူး)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှူးရုံးမှ ဒု-ရဲအုပ် ဖြူစင်သင်း၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံဦးနေလင်း စသ့အဖွဲ့ဖြင့် ကွင်းဆင

နိုင်ငံအတွင်းနေထိုင်ကြသော ပြည်သူများ၏ နေ့စဉ်စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေးများတွင် သက်သာချောင်ချိမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များ၌ နှစ်ပတ်လျှင် (၁)ကြိမ်၊ ဆန်/ စားသုံးဆီ/ ဆေးနှင့် ဆေးပစ္စည်းများရောင်းချနေသည့် ဆိုင်များသို့ကွင်းဆင်း၍ ဈေးနှုန်းများကိုဒေသတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်းများရှိ/ မရှိနှင့် ဆေးများပြတ်လပ်ခြင်းရှိ/ မရှိတို့ကို စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများက ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင

မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် တိုင်းရင်းပညာဦးစီးဌာနတို့သည် (၂၁.၁၀.၂၀၂၄) ရက်နေ့ နေ့လယ် (၁၂:၀၀) အချိန်က ပန်းတနော် အနောက်ပိုင်းရပ်ကွက်ရှိ ဆေးမျိုးစုံရောင်းချနေသော ဆေးဆိုင်(၇)ဆိုင်အား စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်စေရေး၊ ဆေးဝါးပြန်လပ်မှုမရှိစေရေးအတွက် ပူးပေါင်းအဖွဲ့ဖြင့် လစဉ် ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။