သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများ သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပူးပေါင်း၍ ဈေးကွက်အတွင်း ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအား ၂၀၂၄ ခုနှစ်၊အောက်တိုဘာလ ၂၂ ရက်နေ့တွင် နံနက် (၀၉း၃၀) ချိန်တွင် မိတ္ထီလာမြို့၊ မြို့မဈေးအတွင်း စားသုံးဆီအရောင်းဆိုင်(၅)ဆိုင်အား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းသည် (၂၂.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှု ရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှု မဖြစ်ပေါ်စေရေး ရည်ရွယ်၍ ဂန့်ဂေါမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ ကျောတိုက်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် စားသုံးပြည်သူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး ရည်ရွယ်၍ (၂၁.၁၀.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့၊ နံနက် (၉း၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ ကလေးဖြည့်စွက်အာဟာရအမျိုးမျိုးရောင်းချသော ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားနှင့် ပတ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်စည်ပင်သာယာမြိို့မဈေးအတွင်း/ အပြင်နှင့်ရပ်ကွက်များတွင် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သော ကုန်ခြောက်၊ ကုန်စိမ်းအရောင်းဆိုင်များနှင့် အခြားကုန်ပစ္စည်းအရောင်းဆိုင်များသို့ ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲနေခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီမှုအန္တရာယ်လျော့နည်းစေရန် ရည်ရွယ်၍ ဆိုင်ပိုင်ရှင်စီးပွားလုပ်ငန်းရှင်များနှင့် ဈေးဝယ်လာသော စားသုံးသူပြည်သူများအား ပလတ်စတစ်သုံးစွဲမှုလျော့နည်းရေး အသိပညာပေးကွင်းဆင်းစစ်ဆေး
