သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
26 Feb 2025

            ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ (၁၃း၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်သည့် ဒီဂျစ်တယ်အသိပညာ၊ ခံယူချက်နှင့်အလေ့အကျင့်ဆိုင်ရာသင်တန်းတွင် တနင်္သာရီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေဥပဒေအကြောင်း သိကောင်းစရာများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများအကြောင်းနှင့် Online မှရောင်းချရာတွင် Online မှတ်ပုံတင်လျှောက်ထားဆောင်ရွက်ရမည့် ကိစ္စရပ

26 Feb 2025

             စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးသည် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများခိုင်မာတိုးတက်စေရေးနှင့် ဘေးဥပဒ်အန္တရာယ်ကင်းရှင်း စွာဝယ်ယူစားသုံးနိုင်စေရန်တို့အတွက် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း(Online Sale)လုပ်ငန်း များ မှတ်ပုံတင်လျှောက်ထားခြင်းနှင့် ပတ်သက်သည့်အကြောင်းအရာများကို မြိတ်မြို့၊ ကမ်းနားလမ်း၊ ဆိပ်ငယ်ရပ်ရှိ စားသုံးသူရေးရာဦးစီးဌာနတွင် ကုန်စ

26 Feb 2025

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် (၂၄.၂.၂၀၂၅)ရက်နေ့၊ နံနက်(၀၈း၀၀)နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ သရက်မြို့၊ မြို့မစည်ပင်သာယာဈေး အတွင်း ပလတ်စတစ် Campaign ပြုလုပ်ခြင်းနှင့် ကုန်အညွှန်းအမှတ်အသားအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

26 Feb 2025

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ကံမမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် (၂၃.၂.၂၀၂၅)ရက်နေ့၊ (၁၅း၀၀)နာရီအချိန်တွင် ကံမမြို့၊ ရေနံ့သာကျေးရွာရှိ YY အဆင့်မြင့်ပဲကြော် (အရန်သင့်အစားအစာ)ထုတ်လုပ်သည့်အလုပ်ရုံသို့ ကျေးရွာရပ်ကျေးစာရေးနှင့်ပူးပေါင်း၍ ထုတ်လုပ်သည့်ကုန်စည်တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြလာစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

26 Feb 2025

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၂၁.၂.၂၀၂၅) ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ကံမမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားများအား လစာထုတ်ယူသည့်ကာလဝန်းကျင်တွင် စားအုန်းဆီများ သက်သာသည့်ဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲ နိုင်ရေးအတွက် ရည်ရွယ်၍ သရက်မြို့ Than Thar Trading Co.,Ltd  လက်ခွဲကိုယ်စားလှယ် ပြည့် ဆီအရောင်းဆိုင်မှ စားအုန်းဆီရောင်းချပေးနေမှုအား သက်ဆိုင်ရာဌာနများဖြစ်သော မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး

Pages