သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
17 Jul 2026

      ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ ဆားမလောက် ကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း(ဆားမလောက်) အ.ထ.က (၂)၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

17 Jul 2026

        ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့၊ နေ့လယ် (၁၁:၀၀) နာရီအချိန်တွင် ဓနုဖြူမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း(ရွှေကူ)၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

17 Jul 2026

        အွန်လိုင်းဖြင့် အလှကုန်ပစ္စည်းရောင်းချမှုလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေး ညောင်တုန်းမြို့၊ အမှတ်(၂)ရပ်ကွက်၊ မီးစက်လမ်းရှိ အွန်လိုင်းဖြင့် အလှကုန်ပစ္စည်း ရောင်းချလျက်ရှိသောလုပ်ငန်းအား စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိသည် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဒေါ်ချိုမီဇင်မှ ၂၀၂၆ခုနှစ် (၁၄)တွင် မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

17 Jul 2026

         ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံး)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို၂၀၂၆ခုနှစ်  (၁၃) နံနက် (၁၀း၀၀) နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

17 Jul 2026

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသ ကြီးဦးစီးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆောင်၍ ဇူလိုင်လ( ၆ )ရက်နေ့ နံနက်(၁၀း၀၀)နာရီ အချိန်တွင်  မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ   “ပွဲတော်အုပ်”

Pages