သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်တာဝန်ခံသည် ၂၇.၆.၂၀၂၂ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ပေါင်မြို့နယ် လမ်းဘေးဝဲ/ယာရှိ စတိုးဆိုင်နှင့် ကုန်စုံဆိုင်များ၊ ဘူတာလမ်းဘေးဝဲ/ယာရှိ စတိုးဆိုင်နှင့် ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်များ အပါအဝင် ဆိုင်ပေါင်း(၈)ဆိုင်ကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြေ

မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဇွန်လ ၂၈ ရက်နေ့၊ နေ့လည်(၂:၀၀)နာရီအချိန်က မွန်ပြည်နယ် စားသုံးသူရေးရာကော်မတီ(၂/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပါသည်။

ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုဏ္ဏားကျွန်းမြို့နယ်တာဝန်ခံရုံးမှ ဦးဇော်လင်းအောင်(ဒု-ဦးစီးမှူး)သည် (၂၇.၆.၂၀၂၂)ရက်နေ့ နံနက်(၁၀)နာရီခွဲအချိန်တွင် ယိုးတရုတ်(စံပြ)ကျေးရွာရှိ အောင်ပညာမြင့် ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးသည် ဇွန်လ(နောက်ဆုံး)ပတ်၌ စပါး/ဆန်ဈေးနှုန်းများမှာ ဆန်ပို့ဒေသများဖြစ်သော မုံရွာခရိုင်တွင် စပါးဈေး အနည်းငယ်တက်နေပြီး၊ ကျန်ခရိုင်များတွင် ဈေးအေးနေပါသည်။

အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ(ACCP)အနေဖြင့် တတိယအကြိမ်မြောက် အာဆီယံစားသုံးသူကာကွယ်ရေးညီလာခံကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် Virtual စနစ်ဖြင့် ကျင်းပပါသည်။
