သတင်းနှင့် လှုပ်ရှားမှုများ
စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်၊ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းမှ ဦးဆောင်၍ ဝန်ထမ်း ( ၂ ) ဦးသည် ကလေးမြို့၊ ပင်လုံရပ်ကွက်ရှိ စားအုန်းဆီရောင်းချသည့် လုပ်ငန်းရှင် ဦးဌေးလွင်နှင့် ( ၂၉.၆.၂၀၂၂ ) ရက်နေ့၊ နေ့လယ် ( ၀၃:၀၀ ) နာရီအချိန်တွင် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ ပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ ပြည်သူများအား အစားအသောက်နှင့်လူသုံးကုန်ပစ္စည်းများသုံးစွဲရာတွင် ဘေးအန္တာရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရန်အတွက် ဈေးများ၊ တက္ကသိုလ်နှင့်ကောလိပ်များမှာ အသိပညာပေးဆောင်ရွက်ချက်များ ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ဟောပြောပွဲကို ဇွန်လ(၂၃)ရက်နေ့၊ နေ့လည် (၁၄ ၀၀)နာရီအချိန်တွင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သော ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းမြို့နယ်တာဝန်ခံ နှင့် ဝန်ထမ်း (၂)ဦးသည် ဇွန်လ(၁၇)ရက်နေ့က စစ်ကိုင်းမြို့၊ ကျောက်စိမ်းအချောထည် လုပ်ငန်းအသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များအား စစ်ကိုင်းမြို့၊ ဘော်ဂါရပ်ကွက်၊ ကျောက်စိမ်း အချောထည် လုပ်ငန်းအသင်း ဥက္ကဌအိမ် ၌ တွေ့ဆုံခဲ့ပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်ရေးနှင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်မှ ဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးသည် စစ်ကိုင်းခရိုင်စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ (၂၇.၆.၂၀၂၂) ရက
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် မွန်ပြည်နယ် စားဆီနှင့်စားသောက်ကုန်စည်ရောင်းဝယ်ရေးအသင်းမှ အသင်းဝင်များအား ပြည်နယ်ဦးစီးမှူးရုံးခန်း၌ (၁.၇.၂၀၂၂) ရက်နေ့တွင် တွေ့ဆုံခဲ့သည်။