သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
05 Jul 2022

           မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးတို့နှင့်ပူးပေါင်း၍ ၂၉.၆.၂၀၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် သုဓမ္မဝတီမြို့သစ်ရှိ စားသောက်ကုန်လုပ်ငန်း (၉) ခုမှ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေး ဆွေးနွေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

04 Jul 2022

          စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၇)ရက် နေ့လယ် (၀၂:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ ဈေးပိုင်းရပ်ကွက်ရှိ TTH Bakery (2)မုန့်မျိုးစုံ ထုတ်လုပ်ရောင်းချသော  စီးပွားရေးလုပ်ငန်းရှင်အား ၂၀၁၉ စားသုံးသူကာကွယ်ရေး  ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

04 Jul 2022

          ကရင်ပြည်နယ် စားသုံးသူရေးရာကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၂) ကို ၂၈-၆-၂၀၂၂ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးတွင် ပြည်နယ်စားသုံး သူရေးရာကော်မတီ ဒု-ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

01 Jul 2022

          ယခင်က စားသုံးသူအကာအကွယ်ပေးရေးကိစ္စများသည် မရှိသလောက်နည်းပါးခဲ့ပါသည်။ ၁၉၆၀ နောက်ပိုင်းနှစ်များတွင်မူ စားသုံးသူများအား အကာအကွယ်ပေးရေးနှင့် ပတ်သက်သည့် လှုပ်ရှားမှုများသည် ဥရောပတိုက်နှင့် မြောက်အမေရိကတိုက်တို့မှ စတင်မြစ်ဖျားခံလာခဲ့ပြီးနောက် ၁၉၆၂ ခုနှစ်၊ မတ်လ၊ ၁၅ ရက်နေ့တွင် ကျင်းပခဲ့သည့် ညီလာခံတွင် အမေရိကန်သမ္မတ John F.

01 Jul 2022

          ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်စားသုံးသူရေးရာကော်မတီ (၂/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ၂၀၂၂ ခုနှစ်၊ မေလ (၂၈)ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် ပြည်နယ်အစိုးရအဖွဲ့ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဌ၊ အတွင်း ရေးမှူး၊ အဖွဲ့ဝင်များနှင့်  စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း(၁၅)ဦး တက်ရောက် ခဲ့ကြပါသည်။

Pages