သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ (၂/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ၂၈.၆.၂၀၂၂ ရက်နေ့၊ မွန်းလွဲ (၁၃:၀၀) နာရီတွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးတင်အေး၊ ဒုဥက္ကဋ္ဌ သယံဇာတဝန်ကြီး၊ အဖွဲ့ဝင်များဖြစ်သော လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမင်းကို၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာမျိုးထ

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြို့နယ်တာဝန်ခံဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန တို့နှင့်ပူးပေါင်း၍ (၄.၇.၂၀၂၂)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်က ကျုံမငေးမြို့၊ဈေးပိုင်းရပ်ကွက် ရှိ ကုန်မျိုးစုံဆိုင်များသို့ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုး(ဦးစီးမှူး) နှင့် ဝန်ထမ်း များသည် (၄.၇.၂၀၂၂) ရက်နေ့ (၁၀:၃၀)နာရီတွင် ရေတွင်းကုန်းကျေးရွာ ကျေးလက်နေပြည်သူ (၁၁၅) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာ ပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် ၊လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၄.၇.၂၀၂၂) ရက်နေ့ နံနက်(၀၉:၃၀) နာရီက အမှတ်(၂) ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များသို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသားပြည်စုံ မှုရှိ/မရှိ ကွင်းဆင်စစ်ဆေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တာဝန်ခံဦးအောင်ဇော်ဦး(ဦးစီးမှူး)သည် တရုတ်လပ်ကျေးရွာ မူလွန် ကျောင်းတွင် ကျောင်းသူ၊ ကျောင်းသား၊ ဆရာ/ဆရာမ စုစုပေါင်း(၁၂၇)ဦးအား (၄.၇.၂၀၂၂) ရက်နေ့နံနက် (၁၀:၃၀) နာရီမှ (၁၂:၀၀) နာရီချိန်ထိ မိတ်ဖက်ဌာနများနှင့်အတူ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြပါသည်။