သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တာဝန်ခံသည် ညောင်ပင်ဈေးရပ်ကွက်၊ ရန်ကုန်-ဇလွန် ကားလမ်းမဘေးရှိ Grand Max သောက်ရေသန့်လုပ်ငန်းသို့ (၆.၇.၂၀၂၂)ရက်နေ့ နံနက် (၁၁:၀၀)နာရီ အချိန်တွင် သွားရောက်၍ ကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲ မြို့နယ်တာဝန်ခံဦးလေးလွင်သည်(၁၃.၇.၂၀၂၂)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်က အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက် မုန့်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ခုနှစ်၊ ဇူလိုင်(၁၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း(၆)ဦးသည် လွိုင်ကော်မြို့နယ်၊ မင်းစုရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၅၀)ဦးကို စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်ဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၁)ဦးသည်စားသုံးသူ၏ အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ ကုန်အမှတ်တံဆိပ်တွင်ပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားများ မြန်မာလိုဖော်ပြရမည့်အချက်အလက်များအား လုပ်ငန်းရှင်များက သိရှိလိုက်နာကြစေရန် ရည်ရွယ်၍ ဇူလိုင်လ ၁၄နေ့တွင် စစ်ကိုင်းမြို့၊ပိုးတန်းရပ်ကွက်ရှိ ရွှေမြင့်မိုရ်ပေါင်မုန့်၊ ကိတ်မုန့် လုပ်ငန်းရှင်နှင့် တွေ
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်သည် ခရိုင်အသေးစားလက်မှုလက်မှုဦးစီးဌာန၊ သင်တန်းခန်းမ၌ ဇူလိုင်လ(၆)ရက်နေ့၌ ကျင်းပလျှက်ရှိသည့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း( Bakery) အမှတ်စဉ်(၃/၂၀၂၂)တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။