သတင်းနှင့် လှုပ်ရှားမှုများ
ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ အစည်းအဝေး လမ်းညွှန်ချက်အရ အမိုနီယမ်နိုက်ထရိတ်များအား ဓာတ်မြေသြဇာများနှင့် ရောနှော သယ်ဆောင် အိတ် သွတ်သယ်ဆောင်မှု မရှိစေရေး စစ်ဆေးဆောင်ရွက်ရန် သာယာဝတီခရိုင် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အဖွဲ့မှ သာယာဝတီခရိုင် လက်ပံတန်းမြို့တွင် ၁၃.၇.၂၀၂၂ ရက်နေ့ ၊ နံနက် ၁၀:၀၀ နာရီအချိန်၌ ပိုးသတ်ဆေး၊ ဓါတ်မြေသြဇာ ရောင်းချနေသော ဆိုင်များဖြစ်သည့် တောင်သူကြီး စိုက်ပျိုးရေးဆေးဆိုင်၊ စံ သစ္စာပွဲရုံနှင့် ဓာတ်မြေသြဇာဆေး
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် တစ်လလျှင် ကျေးရွာ (၁၀)ရွာရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ထုတ်လုပ်မှုမြင့်မားတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲများကို လစဉ် ဆောင်ရွက်လျှက်ရှိပါသည်။
ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ တောင်ငူခရိုင် ၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးနှင့် ဝန်ထမ်းများသည် ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့နယ် ဇေယျဝတီမြို့ရှိ ကုန်စုံဆိုင် ကြီးများ၌ ရောင်းချသော အမှတ်တံဆိပ်ပါ စားသုံးဆီများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ တို့နှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိမရှ
တောင်ငူခရိုင် ၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့ ၊ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် တောင်ငူခရိုင် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့ အဖွဲ့ဝင်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့ပေါ်ရှိ မြေဩဇာသိုလှောင်ရုံများသို့ သွားရောက်၍ အမိုနီယမ် နိုက်ထရိတ်များ တရားမဝင် တင်သွင်းမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့် သံသယရှိ မော်တော်ယာဉ်များအား စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည
တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ မြေစီးကျေးရွာအုပ်စုမှ တောင်သူဦးလူအေး၏ခြံတွင် ဖီးကြမ်းငှက်ပျောသီးများကို အပျော်တမ်းစိုက်ပျိုးရာမှ အောင်မြင်ဖြစ်ထွန်းလျှက်ရှိရာ ယခုအခါ ၄ ဧက အထိ စိုက်ပျိုးပြီးဖြစ်ပါသည်။ ကြားညှပ်အနေဖြင့် အုန်းစိမ်းနှင့် အုန်းညိုပန်းများကို စိုက်ပျိုး ထားပါသည်။