သတင်းနှင့် လှုပ်ရှားမှုများ
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ ၁၄.၇.၂၀၂၂ ရက်နေ့ ၁၁:၀၀ နာရီအချိန်တွင် မွန်ပြည်နယ် စားသုံးဆီနှင့်ပတ်သက်၍ လိုအပ်ချက်နှင့်ဆောင်ရွက်သင့်သည့် အစီအမံများ ပြုစုတင်ပြရေး ကော်မတီညှိနှိုင်း အစည်းအဝေးကိုကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မွန်ပြည်နယ် စားသုံးဆီနှင့် စားသောက်ကုန်စည်ရောင်းဝယ်ရေး အသင်းမှ အသင်းဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ စုစုပေါင်း (၁၄) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရ
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်မှ ဝန်ထမ်းများသည် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စျေးကော်မတီဝင်များနှင့် ပူးပေါင်း၍ ဇူလိုင် ၁၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် မင်္ဂလာဈေးရှိ အလှကုန်ပစ္စည်းများရောင်းချလျက်ရှိသော ဆိုင်ခန်း (၇) ဆိုင်အား Better Way (Thailand) Co.,Ltd မှ ထုတ်လုပ်သည့် Mistine အလှကုန် ပစ္စည်းများတွင် Hologram (ရောင်ပြန်) စတစ်ကာနှင့် မြန်မာစာ Labelling ကပ်ထားခြင်း ရှိ/မရှိ စစ်ဆေးရာ Hologram (ရောင်ပြန်
စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် စားသုံးသူကာကွယ်ရေးကို စားသုံးသူအကာ အကွယ်ပေးရေးဥပဒေ (၂၀၁၄ခုနှစ်၊ ပြည်ထောင်စု လွှတ်တော်ဥပဒေ အမှတ်၁၀)ဖြင့် ပထမ အကြိမ်နှင့်စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်၉)ဖြင့် ဒုတိယအကြိမ် ပြင်ဆင်ပြဌာန်းခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးဥပဒေတွင်လည်း စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများကို ပိုမိုတိုးချဲ့ကာ ဆောင်ရွက်လာခဲ့ကြပါသည်။ အာဆီယံစီးပွားရေး အ

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်နှင့် ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၈)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတွင်ဖွင့်လှစ်သော အခမ်းအနားမှူးသင်တန်းသို့ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့်ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းသည် စားသုံးသူပြည်သူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရည်ရွယ်၍ (၁၃.၇.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးနှင့် အနောက်ပိုင်းရပ်ကွက်အတွင်းရှိ စားသောက်ကုန်ရောင်းချသည့် ကုန်စုံဆိုင်(၇)ဆိုင်တို့တွင် မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီ