သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
20 Jul 2022

             ၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၇) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ “အခမ်းအနားမှူး သင်တန်း”ဖွင့်လှစ်ခဲ့ရာ အခမ်းအနားတွင် ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်မှ အဖွင့်အမှာစကားပြောကြား ခဲ့ပါသည်။

20 Jul 2022

                ကချင်ပြည်နယ် ၊စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝဒမ်းခေါင်ဗေးဇီ(အကြီးတန်းစာရေး) သည် ၁၄.၇.၂၀၂၂ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ နန့်စော်လော်ကျေးရွာအတွင်းရှိ စားသုံးသူများအား စားသုံးသူအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

20 Jul 2022

        ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နှောင်းနှောင်းဝင်း (စစ်ဆေးရေးမှူး)သည် ၁၄.၇.၂၀၂၂ ရက်နေ့တွင် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဗန်းမော်မြို့အတွင်းရှိ လက်လီ၊ လက်ကားရောင်းချနေသော အလှကုန်ပစ္စည်းဆိုင်၊ စတိုးဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

20 Jul 2022

              စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးဇေယျာအောင်(ဦးစီးအရာရှိ)၊ ဦးကိုကိုစိုး(ဦးစီးမှူး)တို့သည် ၁၄.၇.၂၀၂၂ ရက်နေ့ ၁၀:၀၀နာရီအချိန်တွင် ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်း၍ မြစ်ကြီးနားမြို့၊ စည်ပင်သာယာဈေး(၁)ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များ၊ ခေမာသီရိရပ်ကွက်ရှိ အလှကုန်ပစ္စည်း Online Shop တို့တွင် ရောင်းချနေသော အလှကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချမှု ရှိစေရန

20 Jul 2022

              ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်မှမြို့နယ် တာဝန်ခံ ဦးတင်စိန်နှင့်ဝန်ထမ်းတို့သည် ဇူလိုင်လ (၁၁)ရက်‌နေ့၊ နံနက်(၁၀:၀၀)နာရီတွင် အုန်းဆံကြိုး လုပ်ငန်းသို့ကွင်းဆင်း၍ အုန်းဆံကြိုးထုတ်လုပ်မှုအခြေအနေနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများအား လုပ်ငန်းရှင်ဦးနိုင်လင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါလုပ်ငန်းတွင် ထုတ်လုပ်နေမှုအခြေအနေများအား မေးမြန်းရာ အုန်းဆံကြိုးပြုလုပ်ရာတွင် အုန်းခွံလှေတစ်စီးကိုယခင်က (၁၅၀၀၀/)ကျပ် ပေးဝယ်ရပြ

Pages