သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
19 Dec 2023

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့ နယ်ဦးစီးမှူးရုံးသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၅.၁၂.၂၀၂၃)ရက်နေ့ ၊ နံနက် (၁၀:၀၀)အချိန် စွန်တနီးကျေးရွာ၊ ဗောဓိ (အ.လက)ခွဲကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား စားသုံးသူ ကာကွယ်ရေး ဥပဒေများအကြောင်း အသိပညာပေးဟော ဆွေးနွေးခဲ့ပါသည်။

19 Dec 2023

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးသည် (၈.၁၂.၂၀၂၃)ရက်နေ့ ၊ နေ့လယ် (၁၄:၀၀)အချိန် ညောင်တုန်းမြို့နယ် ရန်ကင်းစံရာရှိ ပြည်သူ(၄၀)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း အသိပညာပေးဟော ဆွေးနွေးခဲ့ပါသည်။

19 Dec 2023

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊  မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၁၁-၁၂-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံး၌ ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

19 Dec 2023

  စားသုံးသူ‌ရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပညာရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့်  (၁၁-၁၂-၂၀၂၃) ရက်နေ့တွင် အ-ထ-က (၆)၊ အ-ထ-က (၉)၊ အ-လ-က (၇) ကျောင်းရှိ မုန့်ဈေးတန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

19 Dec 2023

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနတို့နှင့်ပူးပေါင်း ၍(၁၂.၁၂.၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀) နာရီက အိမ်မဲမြို့နယ်၊ ကြို့ကုန်းကျေးရွာ အထကကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

Pages