သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
12 Jan 2024

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ ဘိုကလေးမြို့နယ်တာဝန်ခံနှင့်  ခရိုင်ဆီကုန်သည်ဥက္ကဋ္ဌနှင့်  ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊   ဇန်နဝါရီလ (၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကုန်မျိုးစုံလုပ်ငန်းရှင်(၂၆)ဦးတို့အား ဘိုကလေးမြို့နယ်တာဝန်ခံရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာများကို ဟောပြောဆွေးနွေးခဲ့ပါသည်။ 

12 Jan 2024

    စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ဖျာပုံခရိုင်ဦးစီးမှူး ဦးထွေးသိမ်း၏ဦးဆောင်မှုဖြင့် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် (၁၀) ရပ်ကွက်၊ ဦးလှသိန်းလမ်းရှိ “ပွင့်သစ်စ” ခေါက်ဆွဲဖိုလုပ်ငန်းသို့သွားရောက်၍ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

12 Jan 2024

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၈)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဒေးဒရဲမြို့ လေးကုန်းကျေးရွာ (အ.မ.က)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

10 Jan 2024

  ကုန်သွယ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲကို ၃.၁.၂၀၂၄ ရက်နေ့ ၁၄း၀၀ နာရီချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ညီနောင်အသင်းဝင်များ၊ စုစုပေါင်း (၁၉) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

10 Jan 2024

   မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မကွေးတိုင်းအတွင်းရှိစျေးများ၌ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး Campaign ဆောင်ရွက်လျက်ရှိရာ (၁-၁-၂၀၂၄) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် မကွေးမြို့၊ မင်္ဂလာစျေး၌ စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါသည်။

Pages